If possible ( Part - 2 )

Start from the beginning
                                        

" သား "

" ဟုတ်အမေ "

" သား ဘယ်မှာအလုပ်ရခဲ့တာလဲဟင် "

" Bakery ဆိုင်မှာအမေရဲ့ . ပြောရမယ်ဆို
သူဌေးက Baker သမားလိုပါ လိုအပ်နေတာ
ဆိုတော့ သားက Baker သမားကြီးဖြစ်တော့
မှာပေါ့အမေရ ဟား ... ဟား ... ဟား .......... "

" အယ်အယ် အရမ်းတွေပျော်နေတာကျန် "

" ဟုတ်တယ်အမေရဲ့ သားက မုန့်လုပ်တဲ့အပိုင်း
နဲ့ ပတ်သက်ပြီး အတွေ့အကြုံလဲ ရှိထားတော့လေ အဆင်ပြေသွားတာအမေရဲ့ , မနက်ဖြန်
မနက်ကျ စောစောအဲ့ကိုသွားရအုန်းမယ် အမေရဲ့ သူက လုပ်နည်းလေးတွေ‌အသေးစိတ်ပြောပြပြီး သင်ပေးမှာဆိုတော့လေ အာ့ကြောင့် "

" ကောင်းပါတယ် ကြိုးစားနော် သား "

" ဟုတ်ကဲ့အမေ "

" ဒါနဲ့စကားမဆက် ငါ့သား ကောင်မလေးတွေ
ဘာတွေကောရနေပြီလား "

" အမ် ~ ဟာ အမေ မရှိပါဘူး သားမှာ "

သူရှက်နေပြီ ~

" ဟုတ်လို့လား "

" ဟုတ်ပါတယ်အမေရဲ့ ကျွန်တော့်မှာကောင်မလေး မရှိပါဘူး "

" ဟုတ်ပါပြီဒါဆိုလဲ "

အမေစကားဆုံးတော့မှပဲ ခွက်ထဲက ရေအပြည့်လုံးကို မော့ချပလိုက်တော့တယ်

" အမေကတော့ ‌မသေခင်လေးမှာ မြေးလေး
တော့ချီချင်တယ်နော် သား "

ထိုစကားကြောင့် ခရောင်လေး မျက်နှာပျက်
သွားပြီး ကြက်သားတုံးကို ဇွန်းနဲ့ခရင်းနဲ့
ဖဲ့နေရာကနေ လက်များရုတ်တရက်ရပ်တန့်သွားခဲ့ရတယ်

" အမေ တကယ်လို့များ သားက "

သူ့စကားကိုသူ ရအောင်ပြန်ထိန်းလိုက်တယ်

" ဘာပြောမလို့လဲ သား "

" ဘာမှမဟုတ်တော့ပါဘူးအမေ "

" အင်း ဒါဆိုဆက်စားလေ ကောင်းတယ်မလား

" ကောင်းပါတယ် "

တကယ်တော့ ခရောင်သွေး သူ့အမေကိုပြော
ချင်တဲ့စကားက " အမေ တကယ်လို့များ သားက Gay တစ်ယောက်ဆိုရင်ရော " ဆိုတဲ့စကား
ပါပဲ ၊ မိခင်ဖြစ်သူက မြေးလိုချင်တောင့်တမိ
တာကြောင့် သူပြန်ပြောမယ့်စကားကို သူ့
ဖာသာသူ ရအောင်ထိန်းပြီး မပြောဖြစ်ခဲ့တာပါ

If possible ~Where stories live. Discover now