" သားရယ် ဖြစ်ရဲ့လား အမေစိတ်ပူတယ် သား
အမေ့မှာသားတစ်ယောက်ပဲရှိတာ အမေ့ကို
စိတ်ပူအောင်မလုပ်ပါနဲ့သားရယ် "
" စိတ်မပူနဲ့နော် အမေ . ကျွန်တော်တကယ်
အဆင်ပြေပါတယ် ဒါဆိုကျွန်တော်ရေပတ်တိုက်လိုက်အုန်းမယ်နော် "
လှဲရာမှထပြီး ရေချိုးခန်းထဲသို့တန်းဝင်သွား တော့တယ် . အားလုံးပြင်ဆင်ပြီးတော့ အောက်ထပ်ကို ဆင်းလာခဲ့တယ် . နေမကောင်းတာ ကြောင့် ဒီနေ့မှာ အနက်ရောင်တီရှပ်လေးကို ဝတ်ဆင်ထားပြီး အပေါ်က ဇီးအရောင်အနွေးထည်အပါးလေးကိုထပ်ကာ ဂျင်းဘောင်းဘီအပြာလေးနဲ့
" အမေ သား မနက်စာကိုအပြင်မှာပဲ စားလိုက်
တော့မယ်နော် "
" အင်းအင်းသား . သားရဲ့ဦးထုပ်လေးဆောင်း သွားပါလား အပြင်မှာနေအရမ်းပူတော့ ခေါင်းပူ ရင် ပိုအဖျားတက်နေအုန်းမယ်ရယ် "
" ဟုတ်ဟုတ် သား ဆောင်းလိုက်မယ်နော် "
Nike ဦးထုပ်အဖြူလေးကို ဆောင်းလိုက်ပြီးမှ
လွယ်အိတ်ကိုလွယ်ကာ အိမ်ထဲကမထွက်ခင်လေး အမေ့မျက်နှာကို အနမ်းတစ်ပွင့်ပေးခဲ့လေတယ်
" သွားပြီနော်အမေ "
" ကောင်းကောင်းသွားနော် ဟိုရောက်ရင်အစာ စားပြီးရင် ဆေးလဲသောက်ဖို့မမေ့နဲ့အုန်း "
အမေဖြစ်သူကိုပြုံးပြလိုက်ပြီး ကျောခိုင်းကာ အိမ်အပြင်သို့ထွက်ခွာခဲ့သည် ~
_________________
ဒီနေ့ရဲ့နေအပူချိန်ဟာ မနေ့ကထက်ပို၍ အပူချိန်ပိုများပြီး ခရောင်သွေးမှာတော့ လမ်းတစ်လျှောက် ချွေးစီးတွေနဲ့ ၊ လှည်းတန်းဘက် မှာပဲ တွေ့ရာ ဆိုင်လေးထဲဝင်ထိုင်ပြီး ဖြစ်သလို လေး မနက်စာစားခဲ့ပေမဲ့ နေမကောင်းတာကြောင့် ပါးစပ်ခံတွင်းမတွေ့ခဲ့ချေ ။ ဆိုင်ထဲမှာပဲ စားပြီးပြီးချင်း လွယ်အိတ်ရဲ့ ဘေးဘက်က အိတ်ကပ်ထဲမှ ရေဘူးနဲ့ ဆေးကိုနှိုက်ကာ ရေနဲ့ အတူ ဆေးကိုမော့သောက်ပလိုက်တယ် . ပြီးမှ ဆိုင်ထဲကနေ ထွက်ကာ Bakery ဆိုင်သို့ ခြေဦးတည်ခဲ့ပါတယ်
Bakery ဆိုင်ထဲသို့ ဝင်ရောက်လာတော့
" အာ ~ ညီရောက်ပြီလား "
ESTÁS LEYENDO
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Comenzar desde el principio
