" ဟုတ်အမေ Good Night ပါ "
အပေါ်ထပ်သို့တက်ပြီး အိပ်ခန်းထဲကိုဝင်ကာ
ခုတင်ပေါ် ဖြည်းဖြည်းသာသာလေး ကိုယ်ကို လှဲချပြီးမှ အရင်ဆုံးမျက်လုံးနှစ်ဖက်ကိုစုံမှိတ် လိုက်သည်
" ငါဘယ်လိုလုပ်ရမလဲ . ဟက် ငါ့အမေကို
ဘယ်လိုပြောသင့်လဲ "
ခေါင်းတွေမူးလာတာနဲ့ ချက်ချင်းပင်အိပ်မော ကျသွားခဲ့သည်
___________________
မနက်ခင်း ၈နာရီလဲထိုးလေပြီ ။ ခရောင်ရဲ့
အမေဖြစ်သူကတော့ သူ့သားဖြစ်သူကို နှိုးရန် အပေါ်ထပ်သို့တက်သွားလေသည်
ဒေါက် . ဒေါက် . ဒေါက် ( တံခါးခေါက်သံ )
" သား ခ ရေ . ထတော့လေ ခဏနေရင် အလုပ် သွားရတော့မယ်မလား . ရေလဲချိုးရအုန်းမှာမို့ ခ ရေ ထတော့ "
" ခရောင် သားရေ ထတော့လေ "
အခန်းတံခါးကိုဖွင့်ကြည့်မည်လုပ်တော့ မနေ့ညက ခရောင် သူ့အခန်းတံခါးကို Lock မချဖြစ်ခဲ့ဘူးထင်ပါတယ် . ထိုကြောင့်ပဲ ခရောင်ရဲ့
အမေဟာ သူ့သားအခန်းထဲဝင်ပြီး ကုတင်ပေါ် ထိုင်လိုက်ကာ စောင်ခြုံပြီး အိပ်ပျော်နေတဲ့ သူ့သားလေးရဲ့ ပုခုံးကိုငြင်သာစွာကိုင်ရင်း လှုပ်နှိုးလေတယ်
" သား ထားတော့လေ . အလုပ်သွားရတော့မယ် မလား သား ခရောင် "
ဘယ်လောက်နှိုးနှိုး နှိုးမလာတဲ့သူ့သားကို သတိထားမိတော့ ချက်ချင်းပဲ လည်ပင်းကို စမ်းကြည့်လိုက်မိသည် ၊ သေချာနေတော့တာပဲ ကောင်လေး အဖျားတက်နေလေပြီ
" သား ခရောင် သား ကိုယ်တွေပူနေတယ်
နေမကောင်းဘူးလား သား "
အဲ့တော့မှ သူမျက်လုံးဖွင့်ကြည့်ပြီး
" အမေ "
" သား နေမကောင်းဘူးလား ကိုယ်တွေပူနေ တယ်သားရဲ့ ဖြစ်နိုင်ရင် အလုပ်မသွားပါနဲ့လား
" အမေ ကျွန်တော်မသွားလို့မရဘူး သူဌေးက ခေါ်ထားတယ်အမေရဲ့ "
ဘယ်လောက်တောင်ဖျားနေလဲဆိုရင် အသံ
တောင်မထွက်တထွက်ဖြစ်နေခဲ့တယ်
" ပြီးတော့ သား မနားချင်ဘူး . မနေ့ကမှအလုပ် ခန့်တာခံလိုက်ရတဲ့ ဝန်ထမ်းတစ်ယောက်က
ဒီနေ့ကို ဆိုင်မလာဘဲ ခွင့်ယူတာကြီးက မဖြစ်သင့်ဘူးလေ အမေ . ရပါတယ် သား ရေပတ်တိုက် ပြီးပဲ သွားလိုက်မယ်နော်အမေ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
