" အယ်အယ် အရမ်းတွေပျော်နေတာကျန် "
" ဟုတ်တယ်အမေရဲ့ သားက မုန့်လုပ်တဲ့အပိုင်း
နဲ့ ပတ်သက်ပြီး အတွေ့အကြုံလဲ ရှိထားတော့လေ အဆင်ပြေသွားတာအမေရဲ့ , မနက်ဖြန် မနက်ကျ စောစောအဲ့ကိုသွားရအုန်းမယ် အမေရဲ့ သူက လုပ်နည်းလေးတွေအသေးစိတ်ပြောပြပြီး သင်ပေးမှာဆိုတော့လေ အာ့ကြောင့် "
" ကောင်းပါတယ် ကြိုးစားနော် သား "
" ဟုတ်ကဲ့အမေ "
" ဒါနဲ့စကားမဆက် ငါ့သား ကောင်မလေးတွေ ဘာတွေကောရနေပြီလား "
" အမ် ~ ဟာ အမေ မရှိပါဘူး သားမှာ "
သူရှက်နေပြီ ~
" ဟုတ်လို့လား "
" ဟုတ်ပါတယ်အမေရဲ့ ကျွန်တော့်မှာကောင်မလေး မရှိပါဘူး "
" ဟုတ်ပါပြီဒါဆိုလဲ "
အမေစကားဆုံးတော့မှပဲ ခွက်ထဲက ရေအပြည့်လုံးကို မော့ချပလိုက်တော့တယ်
" အမေကတော့ မသေခင်လေးမှာ မြေးလေး တော့ချီချင်တယ်နော် သား "
ထိုစကားကြောင့် ခရောင်လေး မျက်နှာပျက် သွားပြီး ကြက်သားတုံးကို ဇွန်းနဲ့ခရင်းနဲ့ ဖဲ့နေရကနေ လက်များရုတ်တရက်ရပ်တန့်သွားခဲ့ရတယ်
" အမေ တကယ်လို့များ သားက "
သူ့စကားကိုသူရအောင်ပြန်ထိန်းလိုက်တယ်
" ဘာပြောမလို့လဲ သား "
" ဘာမှမဟုတ်တော့ပါဘူးအမေ "
" အင်း ဒါဆိုဆက်စားလေ ကောင်းတယ်မလား ကောင်းပါတယ် "
တကယ်တော့ ခရောင်သွေး သူ့အမေကိုပြော ချင်တဲ့စကားက " အမေ တကယ်လို့များ သားက Gay တစ်ယောက်ဆိုရင်ရော " ဆိုတဲ့စကား ပါပဲ ၊ မိခင်ဖြစ်သူက မြေးလိုချင်တောင့်တမိ တာကြောင့် သူပြန်ပြောမယ့်စကားကို သူ့ ဖာသာသူ ရအောင်ထိန်းပြီး မပြောဖြစ်ခဲ့တာပါ
" အမေ ဒါဆိုသားအိပ်တော့မယ်နော် ပင်ပန်း နေပြီမို့လို့ "
" အင်းသား နားလိုက်တော့နော် အိပ်ရေးဝဝ အိပ်ပစ်လိုက် မနက်ကျ အမေအပေါ်တက်နှိုး
ပေးမယ် "
BINABASA MO ANG
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Magsimula sa umpisa
