" ဘာကိုနဲနဲတုန်း တစ်ကိုယ်လုံးစိုရွှဲနေရောပဲ
ဘယ်လောက်တောင်မိုးမိခဲ့လို့တုန်း "
" ဒီလိုအမေရ Time City အပြန်မှာ မိုးတွေ
သဲကြီးမဲကြီးကိုရွာတော့တာ အာ့နဲ့နဲနဲပါးပါးတော့မိုးမိသွားတာပေါ့အမေရာ သားရေသွား ချိုးလိုက်အုန်းမယ်နော် "
" ဟာ မချိုးနဲ့ သားက နဲနဲလေးမိုးရေထိရင်တောင် ဖျားချင်နေတာ . မချိုးပါနဲ့နော် အခုတောင် နှုတ်ခမ်းက ဖြူဖက်ဖြူရော်ဖြစ်နေ
တာ အမေ့စကားနားထောင်ပဲသားရယ် နော်
ဒါနဲ့သား သွားတုန်းကထီးမယူသွားဘူးမလား ဒါက ? "
" အာ ~ ဒါကလေ ကျွန်တော့်ကိုအပြန်ကျမိုးမမိ အောင်လို့ဆိုပြီး အစ်ကိုတစ်ယောက်ကပေးသွားတာအမေ သူဘယ်သူလဲ ဘယ်မှာနေလဲ
ဆိုတာအတိအကျမသိဘူး ဒါပေမဲ့ ပြန်ပေးချင် မိတယ် ကူညီထားတာဆိုတော့လေ "
" အော် သားရယ် တစ်နေ့နေ့တော့ပြန်ဆုံလောက်မှာပါ အဲ့ကျအိမ်လဲခေါ်လာပြီး ပြန် ပေးပေါ့ နော့ ~ ကဲကဲ ရေမချိုးနဲ့တော့ ခြေလက်တွေကိုပဲရေနွေးလေးနဲ့ ဆေးကြောလိုက်နော် "
"ဟုတ် ဒါဆိုခြေလက်ကိုပဲ ရေနွေးလေးနဲ့ ဆေးကြောလိုက်မယ်လေနော် အမေ "
" အင်းအင်းသား မြန်မြန်လုပ်နော် "
" ဟုတ်ကဲ့ပါ အမေ "
ရေချိုးခန်းထဲ ဝင်ပြီး ကိုယ်လက်သန့်စင်ဆေးကြောပြီးမှ ညစာစားရန်ပြင်သည်
" အမေ သား ကူပေးမယ် "
" ဟုတ်ပါပြီကွယ် "
မီးဖိုချောင်ထဲမှာ အမေ့နဲ့အတူညစာစားရန်
ပြင်ဆင်ပေးနေတဲ့ ခရောင်သွေးလေးကိုကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်နဲ့ သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ် . အားလုံးပြင်ဆင်ပြီးမှပဲ စားပွဲဝိုင်း တွင်မိခင်နဲ့အတူထိုင်ပြီး ညစာသုံးဆောင်လေတယ်
" သား "
" ဟုတ်အမေ "
" သား ဘယ်မှာအလုပ်ရခဲ့တာလဲဟင် "
" Bakery ဆိုင်မှာအမေရဲ့ . ပြောရမယ်ဆို
သူဌေးက Baker သမားလိုပါ လိုအပ်နေတာ
ဆိုတော့ သားက Baker သမားကြီးဖြစ်တော့ မှာပေါ့အမေရ ဟား ... ဟား ... ဟား .......... "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
