ကျွန်တော့်ရဲ့ပါးပြင်ပေါ်က စီးဆင်းကျနေတဲ့
" အမေ သားကျန်းမာပါတယ် အလုပ်တော့ "
" မရဘူး အရင်ပြည့်ပြည့်ဝဝ အနားယူလိုက်ပါအုန်း နေမကောင်းလည်းဖြစ်ထားတာမို့ ပိုဂရုစိုက်မှဖြစ်မယ် အမေပြောတာကြားလား သား လုံးဝပြန်သက်သာသွားမှ အလုပ်ပြန်ဝင်ပါနော် ဒါလေးတော့ နားထောင်ပေးပါနော် "
ဘယ်လိုမှပြောလို့မရတော့တဲ့အတူတူ ကျွန်တော်လက်လျှော့လိုက်ရတော့သည်
" ဟုတ်ကဲ့ အမေ ၊ အမေပြောတဲ့အတိုင်းပါပဲနော် ဒါဆို သား သွားနားလိုက်တော့မယ်နော် အမေ "
" အင်း ကောင်းကောင်းအနားယူပေးနော် အာ
နေအုန်း ဘာစားပြီးပြီလဲ "
" သား ဆိုင်မှာ ထမင်းစားလာတယ်အမေ အဲ့တော့ သိပ်မစာတော့ဘူး မစားချင်တော့လို့ပါ "
" ဆေးသောက်ပြီးပြီလား ဆေးသောက်ဖို့ဆို ဘာလေးပဲဖြစ်ဖြစ် နဲနဲလောက်လေး စားလိုက်ပါလား သားရယ် "
" ဟုတ်အမေ သားအခန်းထဲမှာ မုန့်နဲနဲရှိသေးတော့ စားပြီးတာနဲ့ ဆေးသောက်ပြီးအိပ်လိမ့်မယ်နော် "
" အင်းအင်း ဟုတ်ပြီနော် "
" Goodnight နော် အမေ "
" Goodnight ပါသား "
အမေရဲ့တုန့်ပြန်လို့လာတဲ့ သူ့ရဲ့အပြုံးပန်းတွေဟာ ကျွန်တော့်ရင်ထဲ အေးချမ်းပြီးနွေးထွေးရစေပါတယ် ၊ အမေဟာကျွန်တော့်ဘဝအတွက် အရေးအပါဆုံးနဲ့ မရှိမဖြစ်သော မိခင်
တစ်ယောက်ပါပဲ ~
________________________________________
" ကျွန်တော်ချစ်ရတဲ့ သူဟာ မည်သူဖြစ်မည်လို့
အမေသိလာတဲ့အခါ ကျွန်တော်ဘယ်လိုရင်ဆိုင်
ရမလဲ အမေကရော အဲ့ကျတကယ်လက်ခံနိုင်ပါ့မလား "
( ခရောင်သွေး )
( Zawgyi code )
[ ဇာတ်လမ်းတစ်ခုအဖြစ်နဲ့သာ ဖတ်ရှုပေးပါရန်
တိုက်တွန်းအပ်ပါသည် ]
ခရောင်တစ်ယောက် ည ၇နာရီခွဲမှအိမ်ပြန်
ရောက်တော့တယ်
" အမေ သားပြန်လာပါပြီ "
" ဟယ် သား မိုးမိခဲ့တာလား "
" နဲနဲပါအမေရဲ့ "
BINABASA MO ANG
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Magsimula sa umpisa
