" အမေ သား တောင်းပန်ပါတယ်အမေရယ် ၊
သား ယောကျာ်းတစ်ယောက်ကိုချစ်မိနေပြီအမေရဲ့ သား သား ဘယ်လိုမှအမေ့ရဲ့ဒီဆန္ဒကိုတော့ ဖြည့်ဆည်းပေးနိုင်မယ်မထင်ဘူး အမေ , သားကိုခွင့်လွှတ်ပါအမေရယ် ကျွန်တော်သူ့ကိုတကယ်ချစ်မိနေလို့ပါ "
ဝမ်းနည်းပြီးငိုချလာတဲ့ ကျွန်တော့်မျက်နှာကိုကြည့်ရင်း အမေ့က တင်းကျပ်စွာပွေ့ဖက်လိုက်
၏
" အမေ သားက Gay တစ်ယောက်ဖြစ်နေလို့
အမေ သားကိုရွံမှာလား အမေ သားကိုမုန်းမှာလားဟင် သားတောင်းပန်ပါတယ်အမေရယ် သားစိတ်ထဲက တကယ်သေချာနေပြီမို့ပါ "
" မင်း အမေ့ရဲ့ဆန္ဒတွေကိုတတ်နိုင်သလောက်လေးဖြည့်ဆည်းပေးခဲ့တာအရမ်းကိုများနေပါပြီသားရယ် မင်းဒီလိုဖြစ်တော့ရော အမေက မင်းကိုဘယ်လိုလုပ်ရွံရက်မှာလဲ ဘယ်လိုလုပ်မုန်းရက်မှာလဲ သားက အမေရဲ့သားဖြစ်သလို အမေက သားရဲ့အမေတစ်ယောက် သားကိုအမေမွေးထားတာပါ အမေကဘယ်လိုလုပ်သားကိုရွံရှာမုန်းတီးမိမှာလဲသားရယ် ဟမ် ခရောင် သားကိုအမေမမုန်းပါဘူး "
အမေ့ဆီက ပြန်ကြားရတဲ့ဒီစကားသံကြောင့်
ကျွန်တော်ကျောက်ရုပ်ပမာ ခန္ဓာကိုယ်တောင့်ကာ ကြောင်တောင်တောင်ဖြစ်လို့သွားတဲ့
ကျွန်တော့်မျက်နှာအသွင် ~
" တောင်းပန်ပါတယ် တောင်းပန်ပါတယ်အမေ"
" သားဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ အချိန်တန်ပါပြီ သားလွတ်လွတ်လပ်လပ်လည်းမနေခဲ့ရဘူး အမေရဲ့ချုပ်ချယ်မှုအောက်မှာ အမေဖြစ်ချင်တဲ့အတိုင်း သားကိုတွန်းအားပေးခဲ့တဲ့အတွက်သားဖြစ်ချင်တာတွေကိုလည်း သေချာလေးမဖြည့်ဆည်းပေးခဲ့တဲ့အတွက် အမေက သားကိုတောင်းပန်ပါတယ်နော် ၊ အမေမမုန်းပါဘူး သားကြောင့်အမေအခုလို ကျန်းကျန်းမာမာနဲ့ရှင်သန်နေရတာ သားခွန်အားတွေကြောင့်သားရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် အမေအခုလို ကောင်းကောင်းမွန်မွန်နဲ့နေနိုင်နေတာပါသားရယ် အခုတော့ သားကိုအမေလက်ခံပါတယ်နော် နော် သား "
" မငိုနဲ့တော့နော် နေမကောင်းဖြစ်ထားတယ်
မလား မငိုနဲ့တော့ ပြည့်ပြည့်ဝဝ အနားယူလိုက်နော် သား အမေတော့ဒီရက်ပိုင်း သားကို stress မပိစေချင်ဘူး သားကျန်းမာရေးလည်းဂရုစိုက်ပါအုန်း သားကျန်းမာဖို့ကအဓိကပါ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
