If possible ( Part - 2 )

Začít od začátku
                                        

" သား နေမကောင်းဖြစ်နေတဲ့နေ့မှာ ဘာလို့ နောက်ကျဖြစ်အောင် ကျရ‌တာလည်းသားရယ်
ကြည့်ပါအုန်း ဖြူဖပ်ဖြူရော်နဲ့ သားကိုကြည့်ရတာ အခြေအနေသိပ်မဟန်ဘူး သား
နေမကောင်းသေးဘူး သားကလဲ အမေ့ကိုအမြဲစိတ်ပူအောင်လုပ်တာပဲ ဖုန်းလဲမဆက်ဘူး အမေဆက်တော့လည်းမကိုင်ဘူး . သား ဘာဖြစ်နေတာလဲအမေ့ကိုပြောပါအုန်း ဟင် "

အမေ့ကိုမြင်တော့ ရုတ်တရက်ကျွန်တော်ပိုဝမ်းနည်းလာခဲ့တယ် အမေ့ကိုစိတ်ပူအောင်လဲ
လုပ်မိလို့ ၊ မျက်ရည်တွေတောင်ဝဲတက်လာပြီး
မထိန်းနိုင်တော့သည့်အလား ငိုမိလိုက်ရင်း အမေ့ကိုပြေးဖက်မိတော့သည် ~

" အမေ "

" သား ဘာဖြစ်လာတာလဲ ဟမ် ~ ဘာဖြစ်လာတာလဲလို့ အမေ့ကို‌ပြောပါအုန်း "

" အမေ သား အမေမကြိုက်တာကိုလုပ်မိပြီထင်တယ် "

အမေက ကျွန်တော့်ပုခုံးကိုဖိကိုင်လိုက်ပြီး မျက်နှာကိုပဲတစိုက်မတ်မတ်ကြည့်ရင်း မေးလာတယ်

" ဘာလုပ်မိလို့လဲသား အမေ့ကိုပြောပါအုန်း "

" အမေ့သားသာ Gay တစ်ယောက်ဖြစ်နေရင်
အမေလက်ခံနိုင်ပါ့မလားဟင် "

အမေ့မျက်နှာ ချက်ချင်းကိုသွေးပျက်သွားသည့်အတိုင် စကားလမ်းစပါပျောက်သွားသလိုပင် ရပ်တန့်သွားခဲ့တယ်

" ဟင် အမေ , အမေ လက်ခံမှာလား ဟင် ။ သားတောင်းပန်ပါတယ်အမေရယ် အမေဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ ကျွန်တော်အမေလိုချင်တဲ့ ချွေးမတစ်ယောက်လဲ မယူနိုင်သလို အမေမြေးချီရဖို့လည်း ကျွန်တော်မလုပ်ပေးနိုင်လောက်ဘူး အမေ . သား တောင်းပန်ပါတယ် သား တကယ်အမေ့ကို‌အားလည်းနာမိသလို အမေဆန္ဒကိုမဖြည့်ဆည်းပေးနိုင်လို့ အမေ သားကိုအပြစ်ပေးလဲ ရဲရဲဝင့်ဝင့် သားခံယူပါ့မယ် အမေ . အမေသားကို သေအောင်ရိုက်နှက်လိုက်ပါတော့ "

အမေ့လက်တစ်စုံကိုကိုင်ရင်း ကျွန်တော့်‌ကိုယ်သို့ ရိုက်ခိုင်းတော့ အမေက လက်လွှဲလိုက်တယ်

" သား . မင်းဒါကြောင့်နဲ့အမေ့ကိုပြောမထုတ်နိုင်ခဲ့တာလား ၊ မင်းကွယ်ရာမှာခံစားနေရပြီး မင်းကိုယ်မင်း စိတ်သန်မာချင်ယောင်ဆောင်နေတာလား ဟမ် "

If possible ~Kde žijí příběhy. Začni objevovat