If possible ( Part - 2 )

Start from the beginning
                                        

" အာ ဟုတ် ကျွန်တော်က ၂၀ ပါ "

" ဟုတ်လား ငယ်သေးတာပဲဒါဆို အမက ၂၅ နှစ်ပါ ဆရာဝန်ပေါက်စလေးပေါ့ ဟိဟိ "

" အမကဆရာဝန်လား "

" ဟုတ်တယ် မောင်လေး . ကိုကြီးကတော့ ၂၇လေ ဒို့တွေက ၂နှစ်ပဲငယ်တာ "

" အော် ဟုတ်လား ဒါနဲ့အမနာမည်က "

" ခင်ရင်းဆက် ပါ "

" ဗျာ "

ကျွန်တော် " ဗျာ " လို့ အံ့အားသင့်သင့်ပြန်အော်မိလိုက်တယ်

" အယ် ဘယ်လိုဖြစ်တာ အမနာမည်က ခင်ရင်းဆက်ပါ ခုနကတစ်ယောက်က အမရဲ့အစ်ကိုလေ သူက ခန့်ရင်းဆက် မောင်လေး "

ဒီစကားသံကိုကြားရတဲ့ ကျွန်တော့်မှာ တုန်ယင်
လာပြီး ဟုတ်မှဟုတ်ရဲ့လား ဆိုကာ စိတ်ထဲရေရွတ်မိနေတာက

" ဒါဆို သူတို့က "

" ဘာလို့လဲဟင် နာမည်ကိုရင်းနှီးနေလို့လား "

" ဗျာ . အာ ~ မဟုတ်ပါဘူး နာမည်လေးတွေက
လှလို့ပါ "

" ဟုတ်ပါပြီ မောင်လေးနာမည်ကရော "

" အမ ကျွန်တော်ပြန်တော့မယ် အမေစိတ်ပူနေမှာစိုးလို့ "

ကျွန်တော် စကားလမ်းကြောင်းလွှဲမိလိုက်တယ်

" အာ ဒီနေ့တော့ညအိပ်သွားပါလား ဖုန်းဆက်
လိုက်လေ အမေ့ကို "

" မဖြစ်လို့ပါ အမ အိမ်မှာအမေတစ်ယောက်တည်းမို့ပါ "

" အင်းအင်းဟုတ်ပါပြီ ဒါဆိုအမ ဆေးတွေပေး
လိုက်မယ် သောက်ထားအုန်းနော် အစာစားပြီးတာနဲ့ သောက်နော် "

" ဟုတ်ကဲ့ "

ကျွန်‌တော့်ကိုဆေးထည့်ပေးလိုက်ပြီးတာနဲ့ ကျွန်တော်အမကိုနှုတ်ဆက်ပြီး ထွက်လာလိုက်တယ် အိမ်ပြန်တဲ့ လမ်းတစ်လျှောက်လုံး
ကျွန်တော့်ခေါင်းထဲမှာအတွေးပေါင်းမျိုးစုံနဲ့
တုန်ယင်နေတယ် ကျွန်တော်ချစ်တဲ့သူက တကယ်ပဲ သူဖြစ်နေရတာလားဆိုတဲ့ စိတ်နဲ့ ကျွန်တော့်လည်ချောင်းထဲမှာတောင်စို့လာပြီး
ငိုချင်စိတ်တွေတောင် ပေါက်လာတယ် ~ အဲ့လိုနဲ့ပဲ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ် အိမ်ပြန်ရောက်တော့ပဲ ၉နာရီ

If possible ~Where stories live. Discover now