သူ့စကားကြောင့် နားရွက်တွေသိသိသာသာနီရဲသွားတာကိုမြင်တော့ စိတ်လိုလက်ရရယ်မိတယ် ။လက်ဟန်ခြေဟန်နဲ့ အကုန်သူ့အပိုင်ဆိုပြီးပြောနေတဲ့ ကောင်လေးကြောင့်ချစ်စိတ်တွေကပိုပိုပြီးတိုးလာရတယ် ။ တစ်ရက်ထက်တရက်ပိုချစ်ရပါတယ် မောင့်အသက်ကလေးရယ် ။

"ဟီး ငါ့မှာရှိတာအကုန်ပေးပြီးပြီဆိုတော့ မောင်ဆိုပြရမဲ့အလှည့်ပဲ ဆိုတော့"

"ဟုတ်ပါပြီ‌ခင်ဗျာ ကျွန်တော်မျိုးဆိုပါ့မယ် မွ"

ချစ်ဖို့ကောင်းနေတဲ့ အကောင်ပေါက်စလေးကိုအူးယားတာ ကြောင့် နှုတ်ခမ်းလေးကိုဖွဖွ နမ်းပြီး သီချင်းဆိုပြဖို့ ဟန်ပြင်ရတော့တယ်။သူတို့နှစ်ယောက်ကိုအဝေးတစ်နေရာက ဧကရာဇ်စံအိမ်ရဲ့ အိမ်တော်ထိန်းနဲ့ နှစ်ဖက်မိဘတွေလှမ်းကြည့်နေတာကိုတော့ မသိလိုက်ကြပေ ။ အိမ်ကအလုပ်သမားတွေကလဲ သူတို့သခင်ကိုသူတို့မယုံနိုင်စွာ ငေးကြည့်နေကြတယ် ။ လူစားလဲသွားသလိုပဲ မဟုတ်ဘူး ဒီပုံစံက သခင်လေးငေနေရာရှေ့မှာပဲပြသည့် ပုံစံပင် ။ အခြားသူတွေကိုဆို ဒီလိုမဟုတ်ပါ မျက်နှာကြီးတည်တင်း‌ နေပြီး ထအော်တော့မလို အရမ်းကြောက်စရာကောင်းသည်။ အကိုလေးရောက်လာမှပဲ သူတို့သခင်ရဲ့ ဒီလိုပုံစံကိုမြင်တွေ့ရတာ ဖြစ်လေ၏ ။

"အဟမ်း မောင်ကဆိုလေ့မရှိတော့ နည်းနည်းတော့ သည်းခံနော်"

~ရင်ခုန်အောင်ပြုံးမပြနဲ့အချစ်ဆုံးရေ
သူများတွေ ရင်ထဲမှာ အချစိရိပ်လေးမသန်းစေချင်ဘူး

သ၀န်တိုနေတာမဟုတ်ဘူးကွာ ဒီလိုအပြုံးကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးမျက်လုံးလေးကဆွဲအားပိုနေလို့ပါ...

ချိုသာတဲ့စကားလေးနဲ့ အချစ်ဆုံးရေသူများတွေ ရင်ထဲမှာ စွဲလန်းစိတ် မဖြစ်စေချင်ဘူး

အပိုတွေဆိုတာ မဟုတ်ဘူးကွာ အတွယ်အတာစကားကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးနှုတ်ဖျားလေးက ဆွဲအားပိုနေလို့ပါ...~

အသံချိုချိုလေးနဲ့ ဆိုနေတဲ့ မောင့်ကိုကြည့်ရင်း အတွေးတွေကတရိပ်ရိပ်တိုးလာခဲ့တယ် ။ ဘယ်လိုဘယ်အချိန်ကနေ စချစ်သွားမှန်းမသိခဲ့ပဲ၊ တစ်ဘ၀လုံးပုံအပ်ရတော့မဲ့ အချိန်ကိုတွေးမိတော့ အလိုလိုကြည်နူးပြီး ပြုံးနေမိသည် ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now