ဒီလိုနဲ့ပဲ ကားနောက်ခန်းက ကောင်လေးသည်လဲ Hoodieက ဦးထုတ်ကို ဆွဲစောင်းလိုက်ရင်း မမြင်ချင်တဲ့ မြင်ကွင်းတွေအတွက် မျက်စိကို ပိတ်ပြီး ရှေ့ကတီတီတာတာပြောနေတဲ့ စကားသံတွေကိုလဲ မကြားချင်တာကြောင့် နားကြပ်လေးတပ်ပြီးသာ တိတ်တိတ်လေး လိုက်လာခဲ့သည်....
ဖွင့်ထားမိတဲ့ သီချင်းလေးနာမည်ကတော့ 'For You'တဲ့
စားသောက်ဆိုင်ရောက်တော့ Jungkook က တစ်ဖက်၊ Chanhwaနဲ့ Taehyung တို့တစ်ဖက် ထိုင်ကြလေသည်....
ထို့နောက် ဝိတ်တာကောင်လေး ရောက်လာတော့...Chanhwaလဲ Menuကို လှမ်း ယူကာ ကြည့်လိုက်သည်....
"မှာလေ Chanhwa, hyungတို့ကို ကြည့်မနေနဲ့၊ ကြိုက်တာသာ မှာ...."
Taehyung hyungစကားကြောင့် Chanhwa ပြုံးလိုက်ပြီး
"ဟုတ် ...
ပင်လယ်စာတစ်ပွဲ တုံ့ယမ်းအရသာနဲ့
ဂဏန်းမာလာ တစ်ပွဲ
ရေဘဝဲအစပ်သုပ် တစ်ပွဲ
တော့ပိုကီအစပ် တစ်ပွဲ
အာလူးနှပ်တစ်ပွဲ
ပုဇွန်လုံးကင် နှစ်ပွဲနဲ့
ထမင်း ၃ပွဲချပေးပါနော် "
"ဟုတ်ကဲ့၊ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံးခင်ဗျ..."
ဝိတ်တာကောင်လေး ထွက်သွားတော့ Chanhwa hyung ဘက်ကို ခေါင်း လှည့် ကြည့်လိုက်ပြီး...
"Hyung... နက်ဖြန် ရုံးသွားရင် Chanhwaလဲ လိုက်ချင်တယ်..."
"အင်း လိုက်ခဲ့လေ ရပါတယ်..."
"အလကားတော့ မလိုက်ပါဘူး၊ မဟုတ်လဲ ကျွန်တော်က ဒယ်ဒီခြေရာကို နင်းရမှာဆိုတော့ တစ်ချိန်မှာ စီးပွားရေးသမားပဲ ဖြစ်လာမှာ၊ အဲ့ဒါမို့ အခုကတည်းက အချိန်အလကား မဖြစ်အောင် hyung Companyမှာ အလုပ်ဝင်ချင်လို့...."
"ဟာ မရပါဘူး.... ဦးလေးက သူ့သားလေးကို ခိုင်းစားနေပါတယ်ဆိုပြီး ဆူရင် ဘယ်လိုလုပ်မလဲကွာ.. "
"အာ အဲ့အတွက် စိတ်မပူပါနဲ့၊ ဒယ်ဒီက ပိုတောင် သဘောတူနေအုံးမှာ၊ အဟမ်း! Hyungနဲ့ဆို ဘာဖြစ်ဖြစ် ဒယ်ဒီက သဘောတူပြီးသား...."
"ဟုတ်ပါပြီ၊ ဒါဆို နက်ဖြန် Companyကို လိုက်ပြီး အသေးစိတ်လေ့လာကြည့်ပေါ့... ဘယ်ရာထူးရယ်လို့တော့ မခန့်တော့ဘူး... Hyungဘေးမှာ နေပြီး လေ့လာစရာရှိတာ အကုန်လေ့လာကြည့်ပေါ့...."
ŞİMDİ OKUDUĞUN
Only Then 💔(Edited Version)
Hayran Kurguအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT (6)
En başından başla
