If Possible ( Part - 1 )

Start from the beginning
                                        

" အာ ~ အင်း ဟုတ်တယ် "

" အဲ့ဒါနဲ့ကျွန်တော်လည်းအလုပ်ရှာနေတာနဲ့
ဒါလေးကိုတွေ့တော့ဝင်လာလိုက်တာပါ "

" အော် ဒါနဲ့ညီ့နာမည်က "

" ခရောင်သွေး ပါ . အသက်ကတော့ ၂၀
ရှိပါပြီ "

" နာမည်လေးကမိုက်နေရောပဲနော် "

" ဟုတ်ကျေးဇူးပါဗျ "

" အစ်ကိုတို့ဆိုင်မှာ တကယ်တော့ ဝန်ထမ်းလဲ
ပြောလို့ရသလို Baker တစ်ဦးလောက်လိုနေတာပေါ့နော် အာ့ ညီ မုန့်ဖုတ်တဲ့အပိုင်းနဲ့
ပတ်သက်ပြီး လေ့လာထားတာတွေများရှိလား
ဟင် . ပေါင်မုန့်လုပ်တာ ကိတ်မုန့်လုပ်တာ စသည်ဖြင့်ပေါ့ "

" ဟုတ် , ကျွန်တော် အဲ့ဒါတွေနဲ့ပတ်သက်ပြီး
လေ့လာထားပါတယ်ဗျ ငယ်ငယ်လေးထဲက
စိတ်ဝင်စားလို့ ကျွန်တော့်အမေရဲ့ အသိစားဖိုမှူး
က သေချာလေးသင်ပေးဖူးပါတယ် မုန့်လုပ်
တာနဲ့ ပတ်သက်ပြီးတော့ပေါ့ . ပေါင်မုန့်
ကိတ်မုန့် မုန့်တွေတော်တော်များများလုပ်ဖူး
ပါတယ်ဗျ "

"အာ့ဆိုရပြီလေ ပြန်လို့ရပြီ "

" ဗျာ "

" အင်းလေ ပြန်လို့ရပြီလေ မနက်ဖြန်မှပြန်လာခဲ့ မင်းကိုအလုပ်ခန့်လိုက်ပြီမို့ "

" ဗျာ ~ တကယ်ပြောနေတာလားဟင် "

" အင်းလေ မင်းပုံစံက အလုပ်ကြိုးစားတဲ့ပုံလဲ
ပေါ်တယ် အရည်အချင်းလည်းရှိတော့
အာ့ကြောင့် ခန့်လိုက်တာပါ "

" ဝမ်းသာလိုက်တာဗျာ အဲ့ဒါဆိုမနက်ဖြန်ကနေ
စပြီး အလုပ်စဆင်းရမှာပေါ့နော် "

" နေအုန်း မနက်ဖြန်ကဆိုင်ပိတ်ရက်မို့ ဆိုင်ကို
တော့လာခဲ့ အစ်ကိုလည်းဆိုင်ပိတ်ရက်ဆိုတော့
ရှင်းစရာလေးရှိတာရှင်းလင်းမလို့လေ အာ့ရှင်းရင်း မင်းကို ဆိုင်မှာလုပ်တဲ့ မုန့်အကုန်လုံးကို
သေသေချာချာလေး အသေးစိတ်ပြုလုပ်နည်း
လေး ပြောပြပြီးသင်ပေးတာပေါ့နော့ မနက် ၁၀
နာရီအမှီလေးတော့လာပေးနော် ညီ "

If possible ~Where stories live. Discover now