" မင်းငါ့ကိုလာ ဖားမနေပါနဲ့ . မင်းစကားချို
သွေးတဲ့ထဲမှာ ငါနစ်မြောမသွားဘူး သဘောပေါက် ဆောတီးပဲဟဲ့ ကဲ ငါ
သွားတော့မယ် "
" ဟျောင့် နေအုန်းလေ ~ "
ထိုင်ရာမှ ထပြီး ကျောခိုင်းကာ နောက်တောင်
လှည့်မကြည့်တော့ဘဲ လက်လေးခါပြီးနှုတ်ဆက်ခဲ့သည်
________________________________________
အပြင်လည်းရောက်ရော လတ်ဆတ်ပြီးအေးမြ
တဲ့ သဘာဝလေရဲ့ အငွေ့အသက်ကိုခံစားရင်း
တွေ့ရာ YBS ကိုကောက်ထစီး ၊ ရောက်ချင်တဲ့
နေရာရောက်ပါစေတော့ဆိုတဲ့စိတ်နဲ့ ဒီတစ်ခါ
တော့ကားပေါ်မှာ ထိုင်စရာနေရာရခဲ့ပြီလေ .
လမ်းတစ်လျှောက် Earphone တပ်ရင်း
Troye Sivan ရဲ့ Angel Baby သီချင်းလေးကို
နားဆင်ရင်း မျက်လုံးနှစ်ဖက်စုံမှိတ်ကာ မှေး
နေခဲ့သည်
လှည်းတန်းဘက်လည်းရောက်ရော ကားပေါ်က
နေ ဆင်းပြီး လမ်းတစ်လျှောက်တွေ့သမျှဆိုင်
တွေကို လိုက်ကြည့်နေလေရဲ့ "ဝန်ထမ်းအလိုရှိသည် " ဆိုတဲ့ဆိုင်တိုင်းကို သူဝင်ကြည့်သော်လဲ
သူအလုပ်မရခဲ့ပါ . ဒါကြောင့် လမ်းကိုလျှောက်ရင်းလျှောက်ရင်း ညောင်းချိလာတော့တယ်
ဒါနဲ့ဆက်လျှောက်လှမ်းမည်ကြံလိုက်ပြီး လမ်းကလဲလျှောက် ဆိုင်တွေကိုလည်းလိုက်ကြည့်ရင်း နောက်ဆုံး Bakery ဆိုင်တစ်ခုရဲ့ မှန်တံခါးမှာ "ယောကျာ်းဝန်ထမ်းတစ်ဦး အလိုရှိသည် " လို့မြင်တော့ ပျော်ပျော်ကြီးဖြင့်
ဆိုင်တံခါးကိုဖွင့်ပြီး ဆိုင်ရှင်နဲ့တွေ့သည်
ဆိုင်ရှင်က မှန်တွေကိုသန့်ရှင်းရေးလုပ်နေစဉ်
အနောက်ကနေ သူရပ်နေပြီး
" မင်္ဂလာပါ ယောကျာ်းလေးဝန်ထမ်းတစ်ဦး
အလိုရှိသည် " ဆိုလို့ပါ
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Start from the beginning
