If Possible ( Part - 1 )

Start from the beginning
                                        

"အော် အင်း " ~

" ပြောလေ ဘာလဲ အရေးကြီးကိစ္စဆိုတာ "

" အမ် ~ အရေးကြီးကိစ္စ ? "

" အင်းလေ ဘာလဲလို့ အရေးကြီးကိစ္စဆိုတာ "

" အမ် အဲ့ဒါက "

" အင်း ပြော "

" ဟာ ... ငါ့ကောင်မလေးလေ ငါစလိုက်တာလွန်သွားလားမသိဘူး အာ့ ချော့လို့မရလို့ မင်းကို လာမေးတာ ဘယ်လိုချော့မှန်းသိလို့ "

ရောင်သွေးတို့ ပါလာတဲ့ ကျောပိုးအိတ်ကိုယူပြီး နေ့သစ်ကိုပစ်ပေါက်လိုက်လေရဲ့

" အား ... ဘာလဲဟာ "

" အဲ့ဒါလား အရေးကြီးကိစ္စ ဟမ် ~ မင်းဟာ
ငါ့မှာအလုပ်ကိစ္စနဲ့များပတ်သက်ပြီးပြောမလားလို့ အပြေးထလာတာ အလုပ်သွားမရှာခင်လေး
မင်းဆီအရင်လာမယ်ဆိုပြီး အလျင်စလိုနဲ့
ရောက်လာတာ အကောင်ရဲ့ "

" ဆောတီးပဲကွာ ငါစလိုက်တာများသွားလို့ အာ့
ဘာလုပ်ရမှန်းမသိ "

" သေပေါ့ ဟိုက စိတ်ဆိုးသွားတာတောင်နည်း
သေး မင်း ဖင်ယားတာကို "

" . မင်းကလဲ သူငယ်ချင်းကိုဘယ်လိုကူညီ
ပေးရမလဲတော့ မစဉ်းစားပေးဘူး "

" သေလေ သေလေ ကိုယ့်ဖာသာကို ချော့ပါလား ငါက မင်းချစ်သူရဲ့ကောင်လေးမှမဟုတ်တာ "

"မှာထားတဲ့ Orange Juice လေး ရပါပြီ "
Waiter က Orange Juice ကိုစားပွဲပေါ်ချရင်း
ဆိုလာတယ်

ရောက်ရောက်လာချင်းမှာပဲ ခွက်ကိုကိုင်ပြီး
တန်းသောက်တော့တာပဲ

" မင်းဒီနေ့အရမ်းတွေချောနေပါလား Hoodie
အသားကလဲ ပါးပါးလေးနဲ့ အနက်ရောင်လေး
ဆံပင်ကလဲ ခပ်ဖွဖွလေးလုပ်ထားတာ Mask
အနက်လေးကလဲ တပ်ထားသေးတယ် "

If possible ~Where stories live. Discover now