If Possible ( Part - 1 )

Start from the beginning
                                        

"ဟျောင့် မင်းဘယ်နားရောက်ပြီလဲ "

"ငါ ရောက်တောင်ရောက်နေပြီ မင်း အထဲကို
ဝင်လိုက်တော့ ပြီးရင် J' Donutဆိုင်ကို
လာခဲ့ ငါစောင့်နေတယ် "

"အင်းအင်း ဟုတ်ပြီ"

ဖုန်းချလိုက်ပြီးမှ Junction city ထဲကိုဝင်ကာ
J' Donutဆိုင်ဆီအရောက်သွားတော့သည်

ဆိုင်ကိုရောက်လာတော့

" ဟေး အသွေးရေ ငါဒီမှာ "

ဆိုင်ထဲမှာ ထိုင်နေပြီး အော်ခေါ်ကာ လက်ထောင် ပြသည်

"ကဲ မောလာပြီလားအသွေး . ခေါင်းစွပ်လည်း
ချွတ်ပါအုန်းကွာ မင်းကြည့်ရတာ ငါပူတောင်
ပူတယ် "

" မင်းငါ့ကို အဲ့အသွေးဆိုပြီး မခေါ်စမ်းပါနဲ့ဟာ
စိတ်ညစ်စရာကြီး ခရောင်ဆို ခရောင်ပေါ့
ဘာလဲ အသွေး "

" ဟောဗျာ ငါကငါ့သူငယ်ချင်းကို သူများတွေနဲ့
မတူအောင် ပြောင်းခေါ်တာလေ "

" တော်ပါဟာ အဲ့နာမည်ကြီးကြားရတာ ငါရှက်
လာလို့ "

" အေးပါကွာ "

" ဒါနဲ့ ပြောပါအုန်း ဘာလဲ အရေးကြီးကိစ္စ "

" အမ် ~ အော် နေပါအုန်း မောလာတယ်မလား
အအေးလေးဘာလေးမှာလိုက်အုန်းလေ ဘာ
သောက်မလဲ Orange Juice , Strawberry Juice , Cream Soda , Hot coffee , Ice coffee ဘာသောက်မလဲ ချကွာ "

" အေး မင်းပဲ waiter လုပ်လိုက်တော့ "

" Orange Juice တခွက်မှာလိုက် "

" အေးအေး ဟေ့ အစ်ကို ကျွန်တော့်ကို Orange Juice တစ်ခွက်ချပေးပါ "

" မင်းရော ဘာသောက်မှာလဲ "

" ငါက သောက်ပြီးပြီဟ "

If possible ~Where stories live. Discover now