တော်သေးလို့ပေါ့ အနဲဆုံးတော့ အိပ်ဖို့တွေး
လာသေးလို့

________________________________________

လှပတဲ့မနက်ခင်းလေးတစ်ခုကိုအစချီတော့မည်မနက်မိုးလင်း မြင်တွေ့ရတာက အလျင်စလိုနဲ့ဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အပေါ်ထပ်ကနေ အောက်ကိုပြေးဆင်းလာတာပါပဲ

" သားရယ် ‌ဖြေးဖြေးဆင်းလာလည်းရပါတယ်
ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်အလျင်လို
နေရတာလဲ "

" မဟုတ်ဘူးအမေရေ အမေသိပ်ချစ်ရပါတယ်
ဆိုတဲ့ ဟိုကောင် နေ့သစ်ပေါ့ . သားကိုအရေးကြီး ပြောစရာရှိလို့ဆိုပြီး မနက် ၉ခွဲ
အရောက် Junction City မှာ ကော်ဖီလေး
ဘာလေးသောက်ပြီး ပြောရအောင်ဆိုပြီး ခေါ်လို့ အာ့ အလျင်လိုနေတာပါအမေရယ် အခုပဲ
၉နာရီထိုးတော့မယ် ကားလမ်းကလည်းပိတ်
အုန်းမှာဆိုတော့ ကျွန်တော်သွားတော့မယ်
အမေရာ "

"ဟုတ်ပါပြီ သွားပါရှင် သွားပါ . သတိလေး
ဘာလေးထားပြီးလဲသွားအုန်းနော် မတော်တဆ
ဖြစ်လာတာနဲနဲလေးမှကို ကြားချင်လို့ "

"ဟုတ်ပါပြီမေရဲ့"

"မွှ"

" သွားပြီနော် အမေ "

"အင်းအင်း ဂရုစိုက်သွားအုန်းနော်"

အပြေးနဲ့အလွှားနဲ့သွားတာ အမေတောင်စကား
ပြောလို့မဆုံးသေး သူက ရပ်ကွက်ထဲ လမ်း
တစ်ဝက်လောက်ရောက်ပြီးနေပြီ .

တွေ့တဲ့ YBS 7 ပေါ်တက်ပြီး ထိုင်ခုံမှာလူ
အပြည့်ဖြစ်နေတာကြောင့် လက်တန်းကိုသာ
ကိုင်ပြီး ကားရပ်စီးရတော့သည် ~

မြို့တည်းကိုရောက်တော့ ကားပေါ်ကနေဆင်းပြီး Junction city ဆီကိုပဲ တခါထဲခြေစလှမ်း
ခဲ့တော့သည် ~ Junction city ရှေ့ရောက်တော့
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုနှိုက်ယူပြီး
နေ့သစ်ကို ဖုန်းဆက်ဖို့လုပ်သည်

If possible ~Место, где живут истории. Откройте их для себя