________________________________________
တိတ်ဆိတ်ပြီးငြိမ်သက်နေတဲ့ ညခင်းလေးမှာ
အမေ့ဆီကနွေးထွေးမှုကိုရရှိခဲ့
" သားအိပ်တော့လေ မနက်ကျရင်လည်း
အလုပ်သွားရှာအုန်းမယ်ဆို ညဉ့်နက်တဲ့အထိ
မနေနဲ့လေသားရယ် သား Weak ဖြစ်သွားရင်
အမေလဲ မနေတတ်ဘူးသားရဲ့ "
" ဟုတ်အမေ သားအိပ်တော့မှာပါ နိုင်ငံခြားမှာ
နေတဲ့သူငယ်ချင်းနဲ့ စကားမပြောဖြစ်တာကြာလို့ အာ့ Messenger ကနေ စာပို့နေတာအမေရဲ့
မြန်မြန်စကားလက်စသတ်ပြီး သားအိပ်တော့
မယ်နော်အမေ "
"အင်းအင်းသား ဒါဆိုအမေလည်း သွားအိပ်
တော့မယ်နော် "
"ဟုတ် အမေ "
စကားကိုအမြန်ဆုံး လက်စသတ်ပြီး ကုတင်
ပေါ်ကို ပစ်လှဲချပလိုက်တဲ့ ကောင်လေးက
အိပ်တော့မည့်အချိန်မှာ သူ့မျက်လုံးထဲ ပေါ်လာ
တာကတော့ လမ်းဖြတ်ကူးရင်း သူတွေ့ခဲ့တဲ့
အဆင်လေး အယ်မဟုတ်ပါဘူး အချောလေး
~
ခရောင်သွေးရဲ့ တွေးရင်းတွေးရင်း စိတ်ကနေ
တဆင့်ပြောပြလာတဲ့ စကားသံလေးက ?
" ငါသူ့ကိုမြင်တုန်းက ဘာလို့အဲ့လောက်တောင်
နှလုံးခုန်သံတွေမြန်လာရတာလဲ တော်ရုံ
ယောကျာ်းလေးတစ်ယောက်ကို ငါအဲ့လောက်
ကြီး ရင်မခုန်ဖူးပါဘူး . သူ့ကိုမေ့လိုက်ကတည်းက ဘယ်ယောကျာ်းလေးမှသဘော
မကျတော့တာကြီးကို . ဟာ ခရောင်သွေး မင်း
ဘာတွေဖြစ်နေတာလဲ . မင်း ယောကျာ်းအချင်းချင်း "
ဆံပင်တွေပွရှုပ်အောင်ကို လက်နှစ်ဖက်နဲ့ကုပ်
လိုက်ပြီး ~
" အာ ~ မသိတော့ပါဘူး တကယ်ပါပဲ တော်ပြီ
အိပ်တော့မယ် "
KAMU SEDANG MEMBACA
If possible ~
Fiksi Penggemar"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Mulai dari awal
