" ဟုတ်တယ်မေရယ် ဖြစ်နိုင်ရင်လေ နဂိုထဲက ချမ်းသာလာတယ်ဆိုရင် သားရဲ့ ဒီမျက်နှာက အမာရွတ်ကြီးကို ခွဲစိတ်ပြုပြင်လိုက်ပြီအမေရယ် နည်းနည်းလေးတောင်လူကို ကောင်းကျိုးမပေးလို့လေ အရမ်းစိတ်ညစ်တာပဲ "
ချစ်ဖို့ကောင်းအောင်ကိုပြောဆိုနေတဲ့ သူ့သား
လေးကို အသဲယားလို့နှဖူးဖြူဖြူဖွေးဖွေးလေးကို ခေါက်လိုက်လေရဲ့
" အာ့ ! ဟာ မေမေ "
" စကားကလဲလေ အရမ်းကိုပြောတတ်တာပဲ
နော် ကဲ လာ အမေကသားနဲ့အတူထမင်းအတူ
စားချင်လို့စောင့်နေတာ သွား ~ လက်သွား
ဆေးချီ "
" ဟုတ်ကဲ့ပါ မေမေ "
လက်ဆေးပြီး စားပွဲဝိုင်းမှာ ချစ်ရတဲ့မိခင်နဲ့အတူ နေ့လယ်စာ စားသုံးနေတဲ့ ဒီသားအမိကို
ကြည့်ရတာ အရမ်းကိုစိတ်ချမ်းသာဖို့ကောင်း
ရောပဲ . နွေးထွေးလိုက်တဲ့ သားအမိလေး 🫂
တကယ်တော့ ခရောင်သွေးရဲ့ အဖေနဲ့အမေဟာ သူ ၁၀နှစ်သားအရွယ်ထဲက လမ်းခွဲခဲ့ကြတာမို့ ခရောင်သွေးကတော့ ဖခင်ထက်မိခင်ကို
ပို၍ချစ်တာကြောင့် မိခင်နဲ့အတူသာ နေဖို့
ဆုံးဖြတ်ချက်ချခဲ့တာပါ ၊ အဲ့တုန်းကတော့
ဖခင်မရှိရင် နေသားမကျပေမဲ့ အခုကတော့
ကောင်လေးဟာ အတော်ကိုနေသားကျနေပါပြီ
နေသားကျသွားတဲ့ ခရောင်သွေးလေးကိုကြည့်ရင်း သူ့အမေက ဝမ်းလည်းနည်းရသလို ပျော်လဲ ပျော်ရွှင်ခဲ့ရပါတယ် ၊ သူနေသားကျသွားတာကလဲ သူ့အမေကို သူ့အဖေက နှိပ်စက်ခဲ့တာများလွန်းတာကြောင့် ပြန်တွေးကြည့်ရင်း
စိတ်မကောင်းဖြစ်မိတာမို့ သူအမြန်ဆုံးသူ့အဖေကို မေ့ပစ်နိုင်ခဲ့တာပါ , ဒီအတောအတွင်းလည်း သူသိပ်ကို အားမွေးခဲ့ရသလို အရင်ကထက်လည်း ပိုလိမ္မာလာတယ် အမေ့စကားလဲ
နားထောင်လာတယ် . တကယ့်ကိုအမေ့ရဲ့
ချစ်မဝလေးလိုဖြစ်နေပါပြီ ~
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Start from the beginning
