" ဆောတီးပဲကွာ ငါစလိုက်တာများသွားလို့ အာ့
ဘာလုပ်ရမှန်းမသိ "
" သေပေါ့ ဟိုက စိတ်ဆိုးသွားတာတောင်နည်း
သေး မင်း ဖင်ယားတာကို "
" ဟ . မင်းကလဲ သူငယ်ချင်းကိုဘယ်လိုကူညီ
ပေးရမလဲတော့ မစဉ်းစားပေးဘူး "
" သေလေ သေလေ ကိုယ့်ဖာသာကို ချော့ပါလား ငါက မင်းချစ်သူရဲ့ကောင်လေးမှမဟုတ်တာ "
"မှာထားတဲ့ Orange Juice လေး ရပါပြီ "
( Waiter ရဲ့ စကားသံ )
ရောက်ရောက်လာချင်းမှာပဲ ခွက်ကိုကိုင်ပြီး
တန်းသောက်တော့တာပဲ
" မင်းဒီနေ့အရမ်းတွေချောနေပါလား Hoodie
အသားကလဲ ပါးပါးလေးနဲ့ အနက်ရောင်လေး
ဆံပင်ကလဲ ခပ်ဖွဖွလေးလုပ်ထားတာ Mask
အနက်လေးကလဲ တပ်ထားသေးတယ် "
" မင်းငါ့ကိုလာ ဖားမနေပါနဲ့ . မင်းစကားချို
သွေးတဲ့ထဲမှာ ငါနစ်မြောမသွားဘူး သဘောပေါက် 🤪 . ဆောတီးပဲဟဲ့ ကဲ ငါ
သွားတော့မယ် "
" ဟျောင့် နေအုန်းလေ ~ "
ထိုင်ရာမှ ထပြီး ကျောခိုင်းကာ နောက်တောင်
လှည့်မကြည့်တော့ဘဲ လက်လေးခါပြီးနှုတ်ဆက်ခဲ့သည်
________________________________________
အပြင်လည်းရောက်ရော လတ်ဆတ်ပြီးအေးမြ
တဲ့ သဘာဝလေရဲ့ အငွေ့အသက်ကိုခံစားရင်း
တွေ့ရာ YBS ကိုကောက်ထစီး ၊ ရောက်ချင်တဲ့
နေရာရောက်ပါစေတော့ဆိုတဲ့စိတ်နဲ့ ဒီတစ်ခါ
တော့ကားပေါ်မှာ ထိုင်စရာနေရာရခဲ့ပြီလေ .
လမ်းတစ်လျှောက် Earphone တပ်ရင်း
Troye Sivan ရဲ့ Angel Baby သီချင်းလေးကို
နားဆင်ရင်း မျက်လုံးနှစ်ဖက်စုံမှိတ်ကာ မှေး
နေခဲ့သည်
လှည်းတန်းဘက်လည်းရောက်ရော ကားပေါ်က
နေ ဆင်းပြီး လမ်းတစ်လျှောက်တွေ့သမျှဆိုင်
တွေကို လိုက်ကြည့်နေလေရဲ့ "ဝန်ထမ်းအလိုရှိသည် " ဆိုတဲ့ဆိုင်တိုင်းကို သူဝင်ကြည့်သော်လဲ
သူအလုပ်မရခဲ့ပါ . ဒါကြောင့် လမ်းကိုလျှောက်ရင်းလျှောက်ရင်း ညောင်းချိလာတော့ လျှောက်
နေရာမှ ရပ်လိုက်ပြီး ခဏအနားယူလေသည်
" ပူလိုက်တာ ပူလိုက်တာ ပင်ပန်းလိုက်တာကွာ
ဘယ်တော့မှ အလုပ်ရမှာလဲ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Start from the beginning
