If Possible ( Part - 1 )

Comenzar desde el principio
                                        

" ငါတွေ့ခဲ့သမျှယောကျာ်းထဲမှာ သူ့လောက်
ဆွဲဆောင်မှရှိတဲ့ ယောကျာ်းမျိုးတစ်ခါမှ
မတွေ့ဖူးခဲ့ဘူး "

________________________________________

အိမ်ပြန်ရောက်တော့အမေ့ကိုအရင်ပြေးမြင်မိတာနဲ့

" ပြန်လာပါပြီအမေ "

" ငါ့သားလေး အလုပ်ရောရခဲ့သေးလား "

" မရခဲ့ပါဘူးအမေရယ် မနက်စောစောစီးစီး
ထပြီး ပင်ပန်းခဲ့တာပဲရှိတယ် အကျိုးလဲမဖြစ်
ခဲ့ဘူး "

" အော် သားရယ် အချိန်တန်ရင် သား ရလာမှာပါ သားက အရည်အချင်းရှိတဲ့သူ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူဆိုတာ အမေ
လည်းသိတာပဲ ဘာမှစိတ်ပူမနေနဲ့ ငါ့သား
အလုပ်ရလာမှာပါ နော် ဝမ်းနည်းမနေနဲ့ သား "

" နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်
အမေရယ် . သားရဲ့ဒီမျက်နှာပေါ်က အမာရွတ်ကြီးက တော်တော်ဆိုးရွားနေတာပဲအမေရဲ့
ဟိုတစ်ခေါက်ကလဲ TV program တစ်ခုက
Presenter လိုလို့ သွားလျှောက်တာကို ပညာ
အရည်အချင်းနဲ့ ရုပ်ရည်ပါအကဲဖြတ်တော့
ရုပ်ရည်ကြောင့်ပဲ မပါခဲ့ပြန်ဘူးလေ . ခက်တော့
တာပဲ အမေရယ် . ဖြစ်ချင်တာလေးကျတော့
ဖြစ်လာတယ်ဆိုတာကိုမရှိတော့ဘူး "

ညှိုးနွမ်းနေတဲ့ မျက်နှာငယ်လေးနဲ့ ပြောဆိုပြနေတဲ့ ‌သူ့သားဖြစ်သူလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်တော့တယ်

" ကဲ ငါ့သားလေး အမေပြောတယ်မလား ဘာမှ
စိတ်မကောင်းဖြစ်မနေနဲ့လို့ . မွေးကတည်းက
သူ့ဖာသာပါလာတာ အမေတို့လဲ ဘာမှလုပ်ပေးလို့မှမရတာ သားရဲ့ ။ ချမ်းသာတဲ့အသိုင်းအဝိုင်းက လူမျိုးစုမဟုတ်တော့ တချို့
တွေလို မျက်နှာခွဲစိတ်ချင်တိုင်း ခွဲစိတ်လို့ရမယ့်
ပိုက်ဆံအမြောက်အမြား အမေတို့ဆီမှာမရှိဘူး
လေ . ဟုတ်တယ်မဟုတ်လား "

If possible ~Donde viven las historias. Descúbrelo ahora