ဆံပင်တွေပွရှုပ်အောင်ကို လက်နှစ်ဖက်နဲ့ကုပ်
လိုက်ပြီး ~
" အာ ~ မသိတော့ပါဘူး တကယ်ပါပဲ တော်ပြီ
အိပ်တော့မယ် "
တော်သေးလို့ပေါ့ အနဲဆုံးတော့ အိပ်ဖို့တွေး
လာသေးလို့ 🥴
________________________________________
မနက်လည်းရောက်တော့ 🌄
မနက်မိုးလင်း မြင်တွေ့ရတာက အလျင်စလိုနဲ့ဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အပေါ်ထပ်ကနေ အောက်ကိုပြေးဆင်းလာတာပါပဲ
" သားရယ် ဖြေးဖြေးဆင်းလာလည်းရပါတယ်
ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်အလျင်လို
နေရတာလဲ "
" မဟုတ်ဘူးအမေရေ အမေသိပ်ချစ်ရပါတယ်
ဆိုတဲ့ ဟိုကောင် နေ့သစ်ပေါ့ . သားကိုအရေးကြီး ပြောစရာရှိလို့ဆိုပြီး မနက် ၉ခွဲ
အရောက် Junction City မှာ ကော်ဖီလေး
ဘာလေးသောက်ပြီး ပြောရအောင်ဆိုပြီး ခေါ်လို့ အာ့ အလျင်လိုနေတာပါအမေရယ် အခုပဲ
၉နာရီထိုးတော့မယ် ကားလမ်းကလည်းပိတ်
အုန်းမှာဆိုတော့ ကျွန်တော်သွားတော့မယ်
အမေရာ "
"ဟုတ်ပါပြီ သွားပါရှင် သွားပါ . သတိလေး
ဘာလေးထားပြီးလဲသွားအုန်းနော် မတော်တဆ
ဖြစ်လာတာနဲနဲလေးမှကို မကြားချင်လို့ "
"ဟုတ်ပါပြီ အမေရဲ့"
မွှ 😽 ( kiss ပေးတဲ့အသံလေး )
" သွားပြီနော် အမေ "
"အင်းအင်း ဂရုစိုက်သွားအုန်းနော်"
အပြေးနဲ့အလွှားနဲ့သွားတာ အမေတောင်စကား
ပြောလို့မဆုံးသေး သူက ရပ်ကွက်ထဲ လမ်း
တစ်ဝက်လောက်ရောက်ပြီးနေပြီ .
တွေ့တဲ့ YBS 7 ပေါ်တက်ပြီး ထိုင်ခုံမှာလူ
အပြည့်ဖြစ်နေတာကြောင့် လက်တန်းကိုသာ
ကိုင်ပြီး ကားရပ်စီးရတော့သည် ~
မြို့တည်းကိုရောက်တော့ ကားပေါ်ကနေဆင်းပြီး Junction city ဆီကိုပဲ တခါထဲခြေစလှမ်း
ခဲ့တော့သည် ~ Junction city ရှေ့ရောက်တော့
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုနှိုက်ယူပြီး
နေ့သစ်ကို ဖုန်းဆက်ဖို့လုပ်သည်
"ဟျောင့် မင်းဘယ်နားရောက်ပြီလဲ "
"ငါ ရောက်တောင်ရောက်နေပြီ မင်း အထဲကို
ဝင်လိုက်တော့ ပြီးရင် J' Donut 🍩 ဆိုင်ကို
လာခဲ့ ငါစောင့်နေတယ် "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Start from the beginning
