If Possible ( Part - 1 )

Start from the beginning
                                        

" အော် သားရယ် အချိန်တန်ရင် သား ရလာမှာပါ သားက အရည်အချင်းရှိတဲ့သူ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူဆိုတာ အမေ
လည်းသိတာပဲ ဘာမှစိတ်ပူမနေနဲ့ ငါ့သား
အလုပ်ရလာမှာပါ နော် ဝမ်းနည်းမနေနဲ့ သား "

" နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်
အမေရယ် . သားရဲ့ဒီမျက်နှာပေါ်က အမာရွတ်ကြီးက တော်တော်ဆိုးရွားနေတာပဲအမေရဲ့
ဟိုတစ်ခေါက်ကလဲ TV program တစ်ခုက
Presenter လိုလို့ သွားလျှောက်တာကို ပညာ
အရည်အချင်းနဲ့ ရုပ်ရည်ပါအကဲဖြတ်တော့
ရုပ်ရည်ကြောင့်ပဲ မပါခဲ့ပြန်ဘူးလေ . ခက်တော့
တာပဲ အမေရယ် . ဖြစ်ချင်တာလေးကျတော့
ဖြစ်လာတယ်ဆိုတာကိုမရှိတော့ဘူး "

ညှိုးနွမ်းနေတဲ့ မျက်နှာငယ်လေးနဲ့ ပြောဆိုပြနေတဲ့ ‌သူ့သားဖြစ်သူလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်တော့တယ်

" ကဲ ငါ့သားလေး အမေပြောတယ်မလား ဘာမှ
စိတ်မကောင်းဖြစ်မနေနဲ့လို့ . မွေးကတည်းက
သူ့ဖာသာပါလာတာ အမေတို့လဲ ဘာမှလုပ်ပေးလို့မှမရတာ သားရဲ့ ။ ချမ်းသာတဲ့အသိုင်းအဝိုင်းက လူမျိုးစုမဟုတ်တော့ တချို့
တွေလို မျက်နှာခွဲစိတ်ချင်တိုင်း ခွဲစိတ်လို့ရမယ့်
ပိုက်ဆံအမြောက်အမြား အမေတို့ဆီမှာမရှိဘူး
လေ . ဟုတ်တယ်မဟုတ်လား "

" ဟုတ်တယ်မေရယ် ဖြစ်နိုင်ရင်‌လေ နဂိုထဲက ချမ်းသာလာတယ်ဆိုရင် သားရဲ့ ဒီမျက်နှာက အမာရွတ်ကြီးကို ခွဲစိတ်ပြုပြင်လိုက်ပြီအမေရယ် နည်းနည်းလေးတောင်လူကို ကောင်းကျိုးမပေးလို့လေ အရမ်းစိတ်ညစ်တာပဲ "

ချစ်ဖို့ကောင်းအောင်ကိုပြောဆိုနေတဲ့ သူ့သား
လေးကို အသဲယားလို့နှဖူးဖြူဖြူဖွေးဖွေးလေးကို ခေါက်လိုက်လေရဲ့

" အာ့ ! ဟာ မေမေ "

" စကားကလဲလေ အရမ်းကိုပြောတတ်တာပဲ
နော် ကဲ လာ အမေကသားနဲ့အတူထမင်းအတူ
စားချင်လို့စောင့်နေတာ သွား ~ လက်သွား
ဆေးချီ "

" ဟုတ်ကဲ့ပါ မေမေ "

လက်ဆေးပြီး စားပွဲဝိုင်းမှာ ချစ်ရတဲ့မိခင်နဲ့အတူ နေ့လယ်စာ စားသုံးနေတဲ့ ဒီသားအမိကို
ကြည့်ရတာ အရမ်းကိုစိတ်ချမ်းသာဖို့ကောင်း
ရောပဲ . နွေးထွေးလိုက်တဲ့ သားအမိလေး 🫂

If possible ~Where stories live. Discover now