If Possible ( Part - 1 )

Mulai dari awal
                                        

" ဟက် ပူလိုက်တာကွာ . ဘယ်လိုနွေရာသီမှန်းကိုမသိဘူး ၊ ဒီကြားထဲ အလုပ်လျှောက်တာကလဲ မအောင်မြင်ခဲ့တဲ့ဘဝ 🙄 ခက်တော့တာပဲ
ခရောင်သွေးရေ ခက်တော့တာပါပဲ " .

ပူလိုက်တာကလာသေးတယ် သူပဲနွေရာသီ
ကြီးမှာ Hoodie ကြီးဝတ်ပြီး Mask တပ်ထားတာ မပူတဲ့အတိုင်းပဲ . သူ့အစား ကိုယ် ပိုပူတယ်
😆

"ဒါနဲ့ ငါ့မျက်နှာက အမာရွတ်ကြီးကအဲ့လောက်တောင်ဆိုးနေလို့လား . တော်တော်များရုပ်ပျက်နေလို့လား . အာ့ကြောင့်ပဲ ဒီတစ်ခေါက်အလုပ်
လျှောက်တာလဲမအောင်မြင်တာလား . ဟူး ~ စိတ်ညစ်ပါတယ် ငါဘယ်တော့မှ အလုပ်ရမှာလဲဟာ "

တစ်ဖက်ကမ်းကို လမ်းကူးဖို့အတွက် မီးပွိုင့်ကို
ကြည့်တော့ 🚥 မီးနီနေတာနဲ့ ကားလမ်းမပေါ်
ဖြတ်လျှောက်သည့်အလား သူမြင်တွေ့လိုက်ရတဲ့သူက သိပ်ကို Perfect ဖြစ်လွန်းတဲ့ Suit ကိုဝတ်ဆင်ထားပြီး နက်တိုင်လည်းတပ်ဆင်ထားကာ မသိရင် လုပ်ငန်းရှင်ကြီးသဖွယ် ခန့်ညား
နေမှု ၊ အညိုပုတ်ရောင်ရှိတဲ့ ဆံပင်ကိုမှအလယ်ခွဲကာ လမ်းလျှောက်ရင်း ဆွဲဆောင်မှုရှိနေတဲ့
ထိုဆံပင်ကိုပါ သပ်ပစ်လိုက်တဲ့အမျိုးသားတစ်ဦး ၊ ခရောင်သွေးရဲ့အမြင်မှာတော့ သိပ်ကို
ဆွဲဆောင်မှုရှိနေလို့လားမသိ မျက်စိကနေကို
အကြည့်တွေမချတော့ဘူး . သူကလဲ တစ်ဖက်ကမ်းကိုအကူး ဟိုကလည်းတစ်ဖက်ကမ်းကနေ
ကိုယ့်ဆီအလာဆိုတော့ နှစ်ယောက်သားလမ်းဖြတ်ကူးရင်း ကားလမ်းမပေါ်အလယ်တည့်တည့်ကိုရောက်တော့ သူ့ဆီအကြည့်မခွာတဲ့
ခရောင်သွေးကို သူတချက်ကြည့်ပြီး မဲ့ပြုံးပြုံး
ရင်း ခရောင်သွေးနဲ့ဘေးချင်းကပ် ဖြတ်သွား
တယ် . ခရောင်သွေးလဲ ဟိုဘက်ကမ်းကိုပင်
အရောက် နောက်ပြန်လှည့်ကြည့်လိုက်ရင်း
သူ့စိတ်ထဲက ပြောလိုက်တဲ့စကားတစ်ခုက

" ငါတွေ့ခဲ့သမျှယောကျာ်းထဲမှာ သူ့လောက်
ဆွဲဆောင်မှရှိတဲ့ ယောကျာ်းမျိုးတစ်ခါမှ
မတွေ့ဖူးခဲ့ဘူး "

________________________________________

အိမ်ပြန်ရောက်သော် 🏡

" ပြန်လာပါပြီအမေ "

" ငါ့သားလေး အလုပ်ရောရခဲ့သေးလား "

" မရခဲ့ပါဘူးအမေရယ် မနက်စောစောစီးစီး
ထပြီး ပင်ပန်းခဲ့တာပဲရှိတယ် အကျိုးလဲမဖြစ်
ခဲ့ဘူး "

If possible ~Tempat cerita menjadi hidup. Temukan sekarang