ဖိနပ်ကြိုးလည်းချည်လို့အပြီးမှာပင် ထပြီး
ထိုလူဟာ ခရောင်သွေးမျက်နှာကိုကြည့်ကာ
" နောက်ဆို ဖိနပ်ကြိုးကိုအမြဲဂရုစိုက်ပါ . အထူးသဖြင့်အခုလို မိုးသည်းနေတဲ့အချိန်ဆို
ရင်ပေါ့ လမ်းသွားလို့ ဖိနပ်ကြိုးကိုသတိမထား
မိဘဲ ပြေးလွှားတာဖြစ်ဖြစ်လုပ်မိခဲ့ရင် အလိုလို
နေရင်း ချော်လဲပြီးထိခိုက်ဒဏ်ရာရနိုင်တာမို့ပါ
ဒါကြောင့် နောက်သတိထားပေါ့နော် "
ကြောင်တောင်တောင်ဖြင့် ထိုလူ့မျက်နှာကိုသာ
စိုက်ကြည့်နေပြီးမှ ဟိုကလည်းစကားဆုံးတော့
" အာ ဆောတီးပါဗျာ ကျွန်တော် အစ်ကို့ကို
ထီးဆောင်းပေးဖို့မေ့သွားလို့ပါ ကိုင်သာ
ကိုင်ပြီး ကျွန်တော်ကကျဆောင်းနေတယ် .
ရုတ်တရက်ဆိုတော့ အစ်ကို့ကိုမတွေးမိဘဲ
တောင်းပန်ပါတယ်ဗျာ ဆံပင်တွေမိုးစိုကုန်ပြီ "
" ရပါတယ် ဆံပင်ကိုနည်းနည်းပဲစိုတာမို့
အိမ်ပြန်ရောက်ရင် ခြောက်သွားမှာပါ မစိုးရိမ်
ပါနဲ့ "
မိုးစိုထားတဲ့ သူ့ဆံပင်ကိုလက်နဲ့ဖွကာ သပ်
လိုက်တော့ ခရောင်သွေးတို့ခမျာ အကြည့်တွေ
မခွာရက်ဖြစ်နေတော့တာပါပဲ
" အာ ~ ဒီမှာအစ်ကို့ထီး "
"မင်းထီးမပါဘူးမလား ဆောင်းသွားလိုက်လေ"
" အာရပါတယ် မလိုပါဘူးရယ် . အစ်ကိုပဲ
ယူသွားလိုက်ပါ "
" ရတယ် ကိုယ်က ဟိုရှေ့မှာရပ်ထားတဲ့ကားက
ကိုယ့်ကားဆိုတော့ အဲ့ဒါနဲ့ပြန်မှာမို့ ကားပေါ်
ထီးက ပိုပိုလိုလိုယူခဲ့တာပါ ရတယ် ကားနဲ့
ပြန်မှာမို့ ထီးယူသွားလိုက်နော် အလုပ်ကိစ္စလေး
ရှိသေးလို့ သွားလိုက်အုန်းမယ် လိုက်တော့မပို့
ပေးတော့ဘူးနော် "
أنت تقرأ
If possible ~
أدب الهواة"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
ابدأ من البداية
