" ဟာ သွားပါပြီ ငါ ထီးမပါဘူးလေ "
ပြောဆိုရင်း ဓာတ်လှေကားနဲ့အောက်မြန်မြန်
ဆင်းပြီး Time City ရဲ့ထွက်ပေါက်ကနေ Hoodie ခေါင်းစွပ်ကိုစွပ်လိုက်ရင်း လွယ်ထားတဲ့ လွယ်အိတ်လေးကို ကိုင်ပြီးခေါင်းပေါ်ထမ်းမိုး၍ Time City အပြင်ဘက်သို့ ပြေးတော့တာပါပဲ ~ ကားဂိတ်ဆီကိုအပြေးသွားရင်းကားဂိတ်ရှိထိုင်စောင့်လို့ရတဲ့ အမိုးအောက် ခိုပြီး ထိုင်ခုံမှာလဲ လူအပြည့်နဲ့ဖြစ်တာမို့ ကားထိုင်စောင့်လို့လဲမရတော့မဲ့အတူတူ မိုးသာအစိုခံပြီး အမိုးအောက် ရသလိုလေးမိုးခိုတော့သည်
သူ မိုးခိုနေတဲ့အချိန်မှာ မထင်မှတ်ဘဲ အဖြူရောင် ကော်လံအင်္ကျီလက်တိုကိုဝတ်ဆင်ထား
ပြီး စတိုင်ကျ ကိုရီးယားဘောင်းဘီအစင်းအကွက် ခဲအရောင်ကိုမှ အင်္ကျီကိုဘောင်းဘီထဲ
ထည့်ဝတ်ထားပြီး ယောကျာ်းလေးလုပ်ငန်းရှင်တွေအများဆုံးဝတ်ဆင်တဲ့ Leather Shoe Black ကိုစီးထားကာ ၊ မြင့်မားတဲ့အရပ် ၊ အပြစ်ပြောစရာကိုမရှိတဲ့ရုပ်အဆင်း
ကိုပိုင်ဆိုင်ထားပြီး အညှိုပုတ်အရောင်ဆံပင်
ကိုခွဲထားကာ လက်ထဲ ထီးအနက်ရောင်တစ်လက်ကို ဆောင်း၍လာတဲ့ ထိုလူဟာ ခရောင်သွေးရဲ့ ရှေ့တည့်တည့်ကိုရပ်ပြီး ခရောင်သွေး
ကတော့ သတိမထားမိဘဲ ခေါင်းကညာဘက်ကိုလှည့်ထားပြီး ကားစောင့်နေတာမို့သတိမထားမိပေမဲ့ ထိုလူဟာ ခရောင်သွေးရဲ့ရှေ့တည့်
တည့်ကိုရပ်ကာ
" ဒီထီးလေး တချက်လောက်ကိုင်ပေးပါလားဟင် "
ခရောင်သွေးကလှည့်ကြည့်လိုက်တော့ ထိုသူဟာ မနေ့ကသူ မြို့တည်းမှာတွေ့ခဲ့တဲ့ သူဖြစ်နေ
တာမို့ အံ့အားသင့်ပြီး
" ဗျာ အာ ဟုတ် "
ထိုသူရဲ့ လက်ထဲက ထီးကိုယူကိုင်လိုက်တော့
ထိုသူဟာ ခရောင်သွေးကို ပြုံးပြလိုက်ကာ
ဒူးတစ်ဖက်ကို မြေပြင်ပေါ်ချပြီး ကျန်တစ်ဖက်ကို ဒူးထောင်ထားတော့ ခရောင်သွေးကငုံ့ကြည့်ပြီး အံ့ဩရင်း ခရောင်သွေးရဲ့ ညာခြေ
နှစ်ဖက်က ပြေနေတဲ့ walking shoe ကြိုးကို
သေချာချည်ပေးနေတာကြောင့် ခရောင်သွေး
ခမျာ ဘာမှပြန်မပြောနိုင်လောက်အောင်ကို
မျက်လုံးနှစ်ဖက်ပြူး အံ့အားတွေသင့်ရင်း
ထီးဆောင်းထားကာ ရပ်ကြည့်နေမိတော့သည်
ESTÁS LEYENDO
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Comenzar desde el principio
