" ဟမ် . ဒါဆို ငါ့သားလေး အလုပ်ရပြီပေါ့ "
" ဟုတ်တယ်အမေ . အဟင့် စိတ်မကောင်း အယ်မဟုတ်ပါဘူး ဝမ်းသာလိုက်တာအမေရာ "
" တွေ့လားအမေပြောပါတယ် ငါ့သားက
ဒီလောက်အရည်အချင်းလဲ ရှိတာ . တစ်နေ့
ငါ့သား အလုပ်ရမယ်ဆိုတာ အမေသေချာပေါက်ယုံကြည်ထားတာမို့ ဘယ်လိုလဲ
အခုတော့ အလုပ်ရပြီမလား "
" အမေ့ကိုအရမ်းကျေးဇူးတင်တယ် သားကို
အမြဲအားပေးခဲ့လို့ ကျေးဇူးပါနော်အမေ .
အမေက သားဘဝအတွက် မရှိမဖြစ်ပါပဲအမေ
ရယ် "
မျက်ရည်လေးဝဲလာခဲ့တယ်
" အင်းသား . ငိုမနေနဲ့အုန်းနော် လမ်းကြီးမှာ
မြန်မြန်ပစ္စည်းယူစရာရှိတာယူပြီး အိမ်ကို
မြန်မြန်ပြန်လာခဲ့နော် အမေစိတ်ပူလို့ "
" ဟုတ် သား အမြန်ဆုံးပြန်လာပါ့မယ် အာ့ဆို
အမေဒါပဲနော် စီးမယ့်ကားရောက်လာပြီမို့ "
" အေး သားလေး "
YBS ပေါ်အမြန်ပြေးတက်ခဲ့လေသည်
________________________________________
Time City ဆီရောက်တော့ အမြန်ပြေးဝင်
ပြီး အမေရဲ့မွေးနေ့ဟာလဲ ရောက်တော့မည်
ဖြစ်လို့ အမေ့အတွက်မွေးနေ့လက်ဆောင်ပေးဖို့
မှာယူထားတဲ့ အင်္ကျီဆိုင်လေးရှိရာ အထပ်ကို ဓာတ်လှေကားဖြင့်တက်၍ အပြေးအလွှား
သွားတော့လေတယ်
" ကျေးဇူးပါဗျ "
" ဟုတ်ကဲ့ နောက်လည်း လာအားပေးပါအုန်းနော် "
" ဟုတ်ကဲ့ပါ ဒါဆိုကျွန်တော်သွားလိုက်ပါအုန်း
မယ် "
" ဟုတ်ကဲ့ရှင့် "
ဆိုင်ထဲကလဲ အထွက် လွယ်အိတ်ဇစ်ဖွင့်ပြီးအင်္ကျီကိုအထည့် ၊ အောက်ဆင်းဖို့ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ မိုးတွေသည်းကြီးမဲကြီး ရွာနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရတာပဲ
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Start from the beginning
