" ဟုတ် လာခဲ့ပါ့မယ် ကျေးဇူးအများကြီးတင်
ပါတယ်နော် အိမ်ကအမေ ကျွန်တော်အလုပ်ရရ
တာကိုသိရင် သိပ်ကိုပျော်မှာဗျ . ဒါဆိုကျွန်တော်အခုပြန်လိုက်တော့မယ်နော် . ညနေ ၄နာရီတောင်ဖြစ်နေပြီဆိုတော့ အိမ်ပြန်ရင်နောက်ကျမှာစိုးလို့ပါ . ဒီရက်ပိုင်း ကားတွေကလည်းပိတ်တော့လေ "
" အင်းအင်း ဟုတ်ပြီညီ ဒါဆိုမနက်ဖြန်မှတွေ့ကြတာပေါ့နော် "
" ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါအုန်း "
" ဟုတ်ကဲ့ပါ "
ဆိုင်ထဲကနေ ထွက်လာပြီး အပျော်လွန်လွန်းလို့
ထခုန်မိတဲ့အဖြစ်ပါရောက်သွားတယ် အင်းပေါ့ ကောင်လေးလဲ အလုပ်ရှာနေတာ အခုမှ
ရတယ်လည်းဆိုရော သူတကယ်ဝမ်းသာမှာပဲလေ
" ငါအလုပ်ရပြီဆိုတော့ အရင်ဦးဆုံးအမေ့ကို
အသိပေးရမယ် . ဆိုင်ရှင်အစ်ကိုကြီးကလဲ
ရုပ်ချော ဥပဒိကောင်းချက်ပဲ . သဘောထား
ကလဲပြည့်ဝလိုက်တာဆိုတာ အား ... ပျော်လိုက်တာကွာ ~ "
တီ . တီ . တီ
" သား ပြန်လာတော့မှာလားဟင် ခဏနေပဲ
မိုးချုပ်တော့မယ် အရမ်းနောက်ကျရင် မကောင်းဘူးနော် သား . သားအခုဘယ်မှာလဲ "
" အမေ သား လှည်းတန်းဘက်ကိုရောက်သွားတာ လမ်းလျှောက်ရင်းလျှောက်ရင်း အခု
ညောင်းလာပြီမို့ သား ကားစီးတော့မယ်အမေ
ပြီးရင် Time City မှာ ပစ္စည်းလေးဝင်ယူစရာ
ရှိလို့ ဝင်ယူပြီးတာနဲ့အိမ်ကိုတန်းပြန်ခဲ့မယ်နော်"
" အင်းအင်း သား . ဒါနဲ့ အလုပ်ရောရခဲ့သေးလား အဆင်ပြေခဲ့ရဲ့လားဟင် "
ထိုမေးသံကြောင့်ချက်ချင်းကြီး ငိုသံကြီးနဲ့
စကားလုပ်ပြောလာကာ
" အမေ သားလေ အလုပ်ရမယ်ထင်ထားတာ
တကယ်လည်းရခဲ့တယ်အမေရဲ့ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 1 )
Start from the beginning
