ဝင်္ကပါ (နိဂုံး - အဆုံး)

Start from the beginning
                                    

"ကျုပ်ကို ဖမ်းချင်တာ အဲ့လောက် လွယ်မလား
$ဘိုးတော်ရဲ့ .... ခင်ဗျားတို့အဖွဲ့ မြေအောက်ခန်းတောင် အဖြစ်ရှိအောင် မရှာနိုင်ခဲ့ဘဲနဲ့"

ခပ်ထေ့ထေ့ စကားတွေကို လူဆိုးခေါင်းဆောင်
ပြောရင်း ဂျီမင်းကို ပိုလို့ဖမ်းချုပ်ထားသလို ဓားစာခံဂျီမင်းအားကိုးနဲ့ ထွက်ပေါက်ရှိရာဆီ သွားနိုင်ဖို့ အနောက်သို့ ဖြေးဖြေးချင်း ဆုတ်သွားတယ်။

မြန်ဆန်လွန်းစွာ လှုပ်ရှားလိုက်သော ထိုအနေအထားကြောင့် အားလုံးဟာ အငိုက်မိစွာ ။
ရုတ်တရက် ဘာလုပ်ရမည်မသိ ဖြစ်သွားကြတယ်။

လူဆိုးခေါင်းဆောင်အနေနဲ့ကတော့ နောက်ဆုံးသော ကောက်ရိုးတမျှင်အဖြစ် အခွင့်အရေးတစ်ရပ်အား ဖမ်းဆုပ်လိုက်ခြင်းသာ ။

သို့သော် သူဓားစာခံအဖြစ် ဖမ်းချုပ်လိုက်သူမှာ နယ်နယ်ရရမဟုတ်ဆိုတာကို သူမသိခဲ့ပေ။
သူတို့ ၇ ယောက်ထဲမှာ လူကောင် အသေးဆုံးလေးဆိုပြီး သူအထင်သေးလိုက်မိတာ မှားယွင်းမှုတစ်ခုပင်။

သင်တန်းတွေတက်ပြီး အမြဲအကလေ့ကျင့်ကာ ပျော့ပြောင်းနေတဲ့ ခြေတံလေးတွေကို ပိုင်ဆိုင်တဲ့
ဂျီမင်းက ဖြတ်ထိုးဉာဏ်ရှိစွာနဲ့ လူဆိုးခေါင်းဆောင်မထင်လောက်တဲ့ တိုက်ကွက်တွေအဖြစ် ခြေထောက်အားနောက်ပြန်ကွေးကာ ကစ်ချက်နဲ့အတူ သူ့အနောက်ကပ်ရပ်နေတဲ့ လူဆိုးခေါင်းဆောင်ရဲ့ ဂွကြားတည့်တည့်ထဲကို မှန်းဆ၍ ပိတ်ကန်ထည့်လိုက်လေတယ်။

"အား ...." အော်ညည်းကာ သူ့အရာအား လက်နဲ့ အုပ်လျက် ခုန်ဆွခုန်ဆွ ဖြစ်နေလေသော လူဆိုးခေါင်းဆောင် ။

ဂျီမင်းကတော့ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ လူဆိုးခေါင်းဆောင်လက်ထဲမှ သေနတ်အား ဆွဲယူ၍ သေနတ်ပြောင်းဝကို လူဆိုးခေါင်းဆောင်ထံသို့ ပြန်လှည့်ပြီး ချိန်ထားလိုက်နိုင်ပြီ ဖြစ်သည်။

ကျန်ကောင်လေး ၆ ယောက်လုံး သူတို့သူငယ်ချင်း ဂျီမင်း ရဲ့ အစွမ်းသတ္တိကို တွေ့ပြီး အံ့သြသင့်လျက်။အစက စိတ်အပူဆုံးအချိန် ဖြစ်သွားခဲ့ပေမဲ့ အခုတော့ လူဆိုးကောင်ရဲ့ အဖြစ်က ဟာသ တစ်ခုလိုသာမို့ ပြုံးလျက် ကြည့်နေမိတော့တယ်။ သူတို့သူငယ်ချင်း ဂျီမင်းအပေါ်မှာတော့ နှစ်သက်သဘောကျ အထင်ကြီးခြင်းများစွာဖြင့်သာ။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now