ဝင်္ကပါ ( မှတ်တမ်း - ၉)

1.9K 393 499
                                    

Unicode 📌

နံရံတိုင်းမှာ နားတွေရှိတယ်

နေရာတိုင်းမှာတော့
အဖြေမဲ့တဲ့ ပုစ္ဆာကရှိနေတယ်

မြင်တယ်လို့ ထင်ခဲ့ပေမဲ့
အဖြူအမဲ မသဲကွဲ
ကြားတယ်လို့ ယူဆခဲ့ပေမဲ့
ဝေဝါးနေဆဲ။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

"ဂျစ်... ဂျစ် ... ဟေ့ ... ဂျစ် ... မင်းတို့ ... ဂျစ်... ဘာဖြစ်... ဂျစ် ... ဂျစ် ... နေကြတာလဲ ...ဂျစ်
ခုထိ... ဂျစ်... Video...ဂျစ်... လဲမရိုက်... ဂျစ်..
ရသေးဘူး"

ဝေါ်ကီတော်ကီစက်ထဲမှ Admin ရဲ့ အသံကြီး ကြားပြီး လန့်ဖြန့်သွားတဲ့ ဟိုဆော့ဟာ စက်ကို ဝှီးကနဲ လွှင့်ပစ်လိုက်မိတယ်။

ဒါ့ကြောင့် သူ့လက်ထဲက မြှားတစ်စင်းနှယ် လွင့်ထွက်သွားတဲ့ စက်လေးဟာ ကြမ်းပြင်နဲ့ 'ဒုတ်ကနဲ' မိတ်ဆက်သွားလေတော့တယ်။

"ဟလို... ဂျစ် ... ကြားလား...
ဟေ့... ဂျစ်... ကြားလား"

အသံကတော့ ထပ်မံထွက်ရှိနေပေမဲ့ ​လောလောဆယ်တော့ ဖြေသူမဲ့နေဆဲ။

ဘာလို့လဲဆိုတော့ လေလှိုင်းထဲက မပီမသ တဂျစ်ဂျစ်သံကြီး ကြားပြီး ၇ ယောက်လုံး ဘာပြောလို့ ပြောရမှန်း မသိတော့အောင် ဖြစ်သွားခဲ့လေသောကြောင့်။

ဒါပေမဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဦးဆောင် ဖြေရှင်းရာမှာ ကျွမ်းကျင်တဲ့ နမ်ဂျွန်းကပဲ ဝေါ်ကီတော်ကီ စက်ကို အမြန် ကောက်ယူလိုက်ပြီး

"Hello ... ဂျစ် ... ကြားပါတယ်... ဂျစ် ..
Admin...ဂျစ်...Don't worry... ဂျစ်.. ကျွန်တော်တို့... ဂျစ်...အခုပဲ ... Video ရိုက်ဖို့ ... ဂျစ်... ပြင်ဆင်လိုက်ပါ့မယ် ... ဂျစ်.. Sorry for late.."

အချိုသာဆုံး အယဉ်ကျေးဆုံး ပြောဆိုမှုများနဲ့ Admin ကို သူ အကြောင်းပြန်လိုက်တော့ တဖက်ကလဲ ကျေနပ်သွားပုံပါပဲ ။

" Ok... Ok ... ဂျစ်" ဆိုပြီး ပြောသွားတယ်။

"ဘာလို့ တဂျစ်ဂျစ် အသံကြီး ပြန်ပေါ်လာတာလဲဟင်၊ စက်က ချက်ချင်း စုတ်သွားတာလဲ မဖြစ်နိုင်ဘူးမလား"

စကားပြောလို့ ပြီးသွားတဲ့ နမ်ဂျွန်းဘက်ကြည့်ပြီးစိတ်ရှုပ်ထွေးတဲ့ ပုံနဲ့ နဖူးပေါ်လက်အုပ်ရင်း
ဟိုဆော့ အမေးထုတ်လိုက်မိတယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now