ဝင်္ကပါ (မှတ်တမ်း - ၅)

4.2K 730 457
                                    

Unicode

မြင်နေရတာတွေက
အမှန်လား အမှားလား။

မှန်တယ်ထင်ပြီး
ရှေ့ဆက်တိုးမိတော့လဲ
အမှားတွေတဲ့ ။

မှားတယ်လို့ သတ်မှတ်ပြီး
ချန်နေရစ်ခဲ့တော့လဲ
မဟုတ်ဘူး
ဒါက အမှန်တဲ့ ။

မေးချင်ပါတယ်
အသင် ဝင်္ကပါ
လှည့်စားမှုတွေကို ရပ်တန့်ပြီး
ပြောပြပေးပါ
ဘယ်ဟာ အမှန်အကန်လဲကွာ ။

••••••• "ဝင်္ကပါထဲက သရဲစံအိမ်" ••••••

အရှေ့အပိုင်းတွေက Ghost House Admin ကြီးကို  ကျိန်ဆဲရင်း မေတ္တာတွေ အပီပို့ခဲ့ကြရပြီး အခုတော့ စာရေးသူ Cuttiehsumindooly ကိုပါ မေတ္တာတွေ ပို့နေကျရလေပြီလားမသိ ။ ဒီကလဲ ၂ ရက်ခြား တခါ up မယ်လို့ ပြောပြီးကထဲက ပျောက်သွားလိုက်တာလေနော် 😅

အမြင်တွေတော့ မကပ်ကြပါနဲ့ဦးလို့ သဲလေးတို့ရယ်။
Up မယ်လို့ ပြောပြီးကထဲက လိုင်းလုံးဝဖြတ်ခံလိုက်ရတာ ၁ လကျော် ။ အဲ့ကထဲကနေပြီး စိတ်တွေညစ်ပြီး ဆက်မရေးနိုင်တော့တာ ခုထိ။

ကတိစကားတွေ မတည်ခဲ့လို့ တောင်းပန်ပါတယ်နော်။ အခုကစပြီးတော့ Ongoing fic လေးတွေ ပြန်ရေးတော့မှာမို့ လိုင်းလဲရရင်ရသလိုပေါ်မူတည်ပြီး
ပုံမှန် Active ဖြစ်နိုင်အောင် ကြိုးစားပေးပါ့မယ်။

နားလည်သည်းခံ စောင့်မျှော်ပေးတဲ့သူလေးအားလုံးကို ကျေးဇူးတင်ပြီး ချစ်ပါတယ်လို့ ပြောရင်းနဲ့ပဲ
ကဲ ဇာတ်လိုက်ကျော်လေး (၇) ယောက်ရဲ့ သရဲစံအိမ်သို့ သွားမဲ့ခရီးစဉ်လေးအပေါ် အတူတူလိုက်ပါပြီး
စီးမျောခံစားလိုက်ကြရအောင် ။

ဒါပေမဲ့ တခုတောင်းဆိုချင်တာက

ဟိုဆော့ကီလေးနဲ့ အတူတူရောပြီး မကြောက်ကြေး။ 😝

Let's Start ✍️✍️✍️
_______________________

နောက်ဆုံးတော့ အားလုံး တညီတညွတ်ထဲ ထောက်ခံခဲ့ကြသည့် နမ်ဝန်မြို့စွန်ရှိ သရဲစံအိမ်သို့ တစ်ညသွားရောက် နေထိုင်ကြမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရတော့မည်ပင် ဖြစ်သည်။

ဟိုဆော့လဲ ကျန် ၆ ယောက်ကို အဘယ်သို့မျှ မဲဆွယ်၍ မရလေတော့ လက်လျော့လိုက်ရပြီ။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now