ဝင်္ကပါ (မှတ်တမ်း - ၈)

3.5K 622 582
                                    

Unicode 📌

"အူ .... ဝူး.....အူး"

တခုခုကို တွေ့မြင်လို့ပဲလား သတိပေးလိုက်သလိုမျိုး ဆွဲဆွဲငင်ငင်နဲ့ အူ လိုက်တဲ့ ခွေးအူသံကြီးက အမှောင်ညချမ်းမှာ အသဲတခြမ်းကို ဆွဲစုတ်သွားသကဲ့သို့ ရင်တုန်ဖွယ် ကောင်းလှသည်။

နဂိုကထဲကမှ ကြောက်စိတ်ကို မနည်းဖယ်ထုတ်နေရသည့် သူတို့ ၇ ယောက်အဖို့ ထိုသို့ သဘာဝတရားရဲ့ နှောက်ယှက်သံများက ကြောက်လန့်ခြင်းကိုသာ ပိုလို့ တိုးစေသည်။

အမှောင်ညက
ပိုနက်တယ် ။

ကြောက်ရွံ့ခြင်းက
ခြယ်လှယ်ကစားတယ်။

မင်းကတော့
စိတ္တဇဆန်ဆန်
တိုးဝင်ဆဲပဲ ။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

မလှမ်းမကမ်းရှိ သစ်ပင်မှ တဖြတ်ဖြတ်ခတ်သံကလဲ ဘာမှန်းမသိသည်မို့ ၇ ယောက်လုံး ​အရိပ်အကဲကြည့်ရင်း ဆက်မသွားဘဲ ခြေလှမ်းတွေ ရပ်တန့်သွားသည်။

ဓာတ်မီးကိုင်ထားသည့် နမ်ဂျွန်းကပဲ အားလုံးကိုယ်စား သိချင်စိတ်ပြင်းပြင်းနဲ့ ထိုအပင်ပေါ်သို့ ဓာတ်မီးကို ထိုးကြည့်လိုက်သည်။

"Oh My God"

ရုတ်တရက် လန့်ပြီး အော်လိုက်တဲ့ သူ့အသံကြောင့် ကျန်တဲ့သူများမှာ တယောက်အနား တစ်ယောက်ပိုတိုးကပ်သွားကြတယ်။

နမ်ဂျွန်းတွေ့လိုက်ရသည့်အရာမှာကား မျက်လုံးပြူးပြူးနဲ့ 'ဇီးကွက်' ငှက်ဖြစ်ပြီး ထိုသစ်ပင်ပေါ်ဝယ် ရှိနေကာ သူတို့ကို စိုက်ကြည့်နေလေသောကြောင့် ။

"အား... Shit... လန့်သွားတာပဲ"

သစ်ပင်ပေါ်သို့ နမ်ဂျွန်းထိုးထားသော ဓာတ်မီးရောင်အောက်ကနေ အခုမှ ထို ဇီးကွက်ကို သေသေချာချာ မြင်သွားသော ယွန်းဂီထံမှလဲ ကျိန်ဆဲသံလေး ခပ်တိုးတိုးထွက်ကျလာတယ် ။

ထိုသစ်ပင်ပေါ်မှ သစ်ရွက်လေးတချို့ကတော့ 'ဖတ်ကနဲ ဖတ်ကနဲ' မြေပြင်ပေါ်သို့ ကြွေဆင်းဆဲ။

ယွန်းဂီက

"မကြောက်ကြပါနဲ့ အဲ့အပင်ပေါ်က ငှက်ပါ
ဘာမှမဖြစ်ဘူး လာလာ ဆက်သွားကြမယ်"

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now