ဝင်္ကပါ (မှတ်တမ်း - ၁၂)

1.7K 376 333
                                    

Unicode 📌

"ကျွီ" ဆိုတဲ့ အသံခပ်တိုးတိုးနဲ့အတူ အခန်းတစ်ခုရဲ့ တံခါးက ခပ်ဖြေးဖြေးချင်း သူ့အလိုလို
ပွင့်လာပြီးနောက် ထိုအခန်းထဲမှ ထွက်လာသော
အရိပ်မဲတစ်ခုက သန့်စင်ခန်းလိုက်ရှာနေကြသော ကောင်လေး ၄ ယောက်အနောက်ကနေ တရွေ့ရွေ့ချဉ်းနင်းရင်း လိုက်ပါသွားလေပြီ ဖြစ်သည်။

ထိုအရာသည် ဘယ်သူလဲ ။

စံအိမ်သို့ အတွဲချောင်းရန် ရောက်နှင့်နေကြသူများ သိရင် ပြောပြခဲ့ပါလား ။

®®®® ဝင်္ကပါထဲကသရဲစံအိမ် ®®®®

ယွန်းဂီ ဦးဆောင်ကာ ထယ်ယောင်း နှင့်
ဂျောင်ကု တို့အတူ သူတို့၏ ချစ်သူငယ်ချင်းလေး
ဂျီမင်း၏ လက်ပေါ်က ငှက်ချေး ဆေးကြောရန် နှင့် ရိုက်ကူးမှု စတင်ရန်အတွက် သန့်စင်ခန်းအား လိုက်ရှာနေကြလေပြီ ဖြစ်တယ်။

မရောက်ဖူးသေးသော နေရာအသစ်အဆန်းဖြစ်သည်က တစ်ကြောင်း ၊ မီးရောင်အားကိုးနဲ့ အမှောင်ကို အတတ်နိုင်ဆုံး ဖြိုခွင်းကာ စမ်းတဝါးဝါးသွားနေရတာက တစ်ကြောင်းကြောင့် သိပ်ပြီး ခရီးမတွင်လှ ။ ခပ်ဖြေးဖြေးချင်းသာ အိပဲ့အိပဲ့ဖြင့် ။

ပထမဆုံးအခန်းတစ်ခုရဲ့ တံခါးလက်ကိုင်ကို ယွန်းဂီအသာလှည့်ကာ ဖွင့်လိုက်တော့ 'ကျွီ' ကနဲ သံရှည်ဆွဲသံလေးနဲ့အတူ တံခါးက ခပ်ဖြေးဖြေးပွင့်သွားတယ်။

ဖုန်နံ့တွေကတော့ သူတို့ နှာခေါင်းထံသို့
အလုံးအရင်းလိုက် ပြေးဝင်လာတယ်။

"အခန်းတွေကလဲ နံလိုက်တာ"

ယွန်းဂီ စိတ်ပျက်လက်ပျက် ညီးညူလိုက်တယ်။
ကျန်သူများလဲ ထပ်တူ ခံစားနေကြမှာ အမှန်။

"ဟွန်း ... ဒါက အိပ်ခန်းသီးသန့် ထင်တယ်"

ကုတင်တွေ ၊ ဗီဒိုတွေ ၊ ပရိဘောဂပစ္စည်းအပြည့်အစုံနဲ့ ရှုပ်ပွနေတဲ့ အခန်းဟောင်း ခပ်ကျယ်ကျယ်တစ်ခုကို အဝင်ဝကနေပဲ အသာလှမ်းကြည့်ပြီး ယွန်းဂီ ပြောလိုက်တယ် ။ အခန်းထဲထိတော့ ဝင်ခြင်းမရှိ။

အိပ်ခန်းနဲ့ သန့်စင်ခန်း တွဲရက်ရှိနေတာမျိုး မဟုတ်တဲ့ အတွက်ကြောင့်လဲ အိပ်ခန်းသီးသန့် ဟု သူသုံးနှုန်းလိုက်ခြင်းပင် ။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now