ဝင်္ကပါ (မှတ်တမ်း - ၁၅)

3K 560 240
                                    

Unicode 📌

ကြောက်အားလန့်အား အော်ဟစ်လိုက်တဲ့ ဂျီမင်းရဲ့ 'သရဲ' ဆိုတဲ့ အော်သံတခုသာ စံအိမ်ရဲ့ အပေါ်ထပ်ဝယ် ဟိန်းကနဲ ပေါ်ထွက်လာခဲ့တော့ ယွန်းဂီ ၊ ထယ်ယောင်း နဲ့ ဂျောင်ကု တို့ခဗျာ အံ့သြတကြီးသာ ဂျီမင်းအား ကြည့်ရင်း အထူးအဆန်း ဖြစ်နေခဲ့လေတော့သည်။

မင်းမမြင်နိုင်တဲ့
တဖက်ခြမ်းမှာ
အံ့သြထူးဆန်းဖွယ်ရာ
အမှောင်ကမ္ဘာရှိတယ်။

လာပါလို့ မကမ်းလှမ်းခဲ့သလို
သွားပါလို့လဲ နှင်မထုတ်ခဲ့ဘူး။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

ဒုတိယနေရာမြောက်က အိမ်သာခန်းအား
ကင်မရာနှင့်ချိန်ထားပြီး ရိုက်ကူးရေးလုပ်နေရာမှ
တခုခုအား တွေ့လိုက်ရသလို  ကြောက်လန့်တကြားဖြင့် ချွေးဒီးဒီးကျရင်း နေရာက တုတ်တုတ်မျှမလှုပ်ရှားနိုင်တော့ဘဲ "သရဲ" ဟူသော ခေါင်းစဉ်တပ်ကာ ဂျီမင်း အော်နေသော်လည်း

ဘယ်အရာကိုမှ မမြင်မတွေ့ရလေသော ကျန်သူများမှာ 'ဘာဖြစ်နေသလဲ' ဆိုတဲ့ မေးခွန်းအား မေးဖို့ရာ ဂျီမင်းအနားသို့ တိုးကပ်သွားလိုက်ကြတယ်။

"ဂျီဂျီ ဘာတွေ့လို့လဲ ဟင်"

လျင်လျင်မြန်မြန်သွက်သွက်လက်လက် ရှိသော
ဂျောင်ကုလေးက ဦးစွာ ဂျီမင်းအနားတိုးကပ်ကာ စိုးရိမ်တကြီး မေးလိုက်တော့

မျက်ဝန်းအိမ်မှာ မျက်ရည်လေးတွေဝေ့ဝဲနေပြီး ကြောက်လန့်ခြင်းအသွင်မ​ပျောက်သေးတဲ့ ဂျီမင်း လေးက

ဂျောင်ကုရဲ့ ဗလတောင့်တောင့်ရှိတဲ့ လက်မောင်းအား အားကိုးတကြီး ဆုပ်ကိုင်လိုက်ရင်းမှ
ကင်မရာ မြင်ကွင်းအား မဝံ့မရဲဖြစ်စွာ လက်ဖြင့်အသာထိုးချိန်ကာ ညွှန်ပြလေတယ်။

အနောက်ကနေ ရောက်လာတဲ့ ယွန်းဂီကလဲ ဂျီမင်း ပုခုံးလေးအား ခပ်ဖွဖွဖက်ရင်း အားပေးလိုက်သလို ထယ်ယောင်းကလဲ ဂျီမင်း မျက်နှာလေးအား မော့ကြည့်မော့ကြည့်ဖြင့် 'အဆင်ရော ပြေရဲ့လား' ဆိုတာကို စိတ်ပူနေလေတယ်။

ပြီးတာနဲ့ ဂျီမင်း ညွှန်ပြတဲ့ ကင်မရာထဲက မြင်ကွင်းဆီ အားလုံးရဲ့ အကြည့်တွေ့ကို ပို့လိုက်ကြတယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now