ဝင်္ကပါ (မှတ်တမ်း - ၁၁)

1.7K 387 218
                                    

Unicode 📌

ကြောက်လန့်ခြင်းတွေ
မြစ်ဖျားခံတာ
ခြောက်လှန့်မှုကြောင့်ဆိုပေမဲ့

တစတစ တိုးဝင်လာမိတဲ့
အမှောင်ကမ္ဘာမှာတော့
အလင်းတွေ့ဖို့ရာ
အကြောင်းမရှိခဲ့။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

"အား.... Omma... အမေရေ .... ကယ်ပါဦး"

ဆိုတဲ့ ဆော့ဂျင်ရဲ့ အလန့်တကြား အော်လိုက်မိတဲ့အော်သံတစ်ခုကသာ အခန်းတွင်း ညံထွက်သွားချိန်မှာတော့ ဟိုဆော့နဲ့အတူတူ ရိုက်ကူးရေး လုပ်နေခဲ့တဲ့ နမ်ဂျွန်းတို့ နှစ်ယောက်သား အထိတ်ထိတ်အပြာပြာဖြစ်ကာ အခန်းပေါက်ဝနားဆီ ​ရောက်နေပြီဖြစ်သော ဆော့ဂျင်အနားတို့ အပြေးရောက်လာကြတယ်။

"ဆော့ဂျင် ... ဆော့ဂျင် ... ဘာဖြစ်တာလဲဟင်"

ဆော့ဂျင်ရဲ့ ပုခုံးလေးပေါ် လက်လေးဝိုက်တင်ကာ ဖက်ထားလိုက်ရင်း နမ်ဂျွန်း အဆောတလျင်မေးလိုက်ပေမဲ့ မျက်လုံးတွေကို စုံမှိတ်ထားပြီး တုန်နေခဲ့တဲ့ ဆော့ဂျင်ထံမှတော့ ဘာစကားမှ ထွက်မလာသေး။

၁၀ စက္ကန့်မျှ ကြာပြီးမှ

"ဂျွန်း... ဟိုဘီ.. ငါ ... ငါ"

တုန်တုန်ယင်ယင် အ,ထစ် အ,ထစ် နဲ့ပဲ စကားကို ရှေ့မဆက်နိုင်သေးတဲ့ ဆော့ဂျင်ကြောင့် နမ်ဂျွန်းကပဲ

" ဂျွန်း အနားမှာရှိတယ်လေ ... ဘာဖြစ်တာလဲ ... ဘာတွေ့လိုက်လို့လဲဟင်"

ဟုဆိုကာ စကားလမ်းကြောင်းပေးလေတယ်။

ဟိုဆော့လဲ ထပ်တူပင် ။

"ငါလဲရှိတယ်နော် ဂျင်ရာ့.. မကြောက်နဲ့ ...
မကြောက်နဲ့" ဟု တဖွဖွပြောရှာ၏။

အိမ်မက်ထဲတုန်းက ခဏတိုင်းကြောက်လန့်နေခဲ့ရှာသည့် ဟိုဆော့က လက်တွေ့မှာတော့ တခြားသူအား မကြောက်လန့်ဖို့ ပြန်ပြီးအားပေးနေရသည့် အခြေအနေမှာတော့ ထူးဆန်းဖွယ်ရာ ဖြစ်နေမည် ထင်သည် ။

"ငါ့ကိုလေ ... ငါ့ကိုလေ... ခုနက ပိတ်စဖြူကြီးအောက်ကနေ သွေးတွေနဲ့ နီရဲနေတဲ့ အရိုးလက်တဖက်ကြီး ထွက်လာပြီး လာဆွဲကိုင်နေတယ် "

"အမ်"

ဆော့ဂျင်ရဲ့ ကြောက်နေတဲ့ဟန်နဲ့ ခပ်ဖြေးဖြေးပြောနေတဲ့ စကားအဆုံးမှာပဲ နမ်ဂျွန်းနဲ့ ဟိုဆော့ထံမှ "အမ်" ဆိုပြီး တအံတသြ အော်လိုက်တဲ့ အသံကလဲ ပြိုင်တူ ထွက်လာတယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now