ဝင်္ကပါ (မှတ်တမ်း - ၁၉)

1.5K 327 310
                                    

Unicode 📌

ပန်းတိုင်ရောက်ကာနီးလေ
ပိုပင်ပန်းလေ
အခက်ခဲတွေ အတားအဆီးတွေနဲ့
ဝင်္ကပါထဲက အမှောင်ညဟာ
လမ်းစပျောက်လဲ
ထွက်ပေါက်တွေ့ဖို့တော့
ယုံကြည်နေလျက်ပဲ ။

®®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®®

"ဟင် .... ဂျောင်ကု ... အာ့ဘာလုပ်နေတာလဲ"

ရုတ်တရက် အလန့်တကြားအော်ဟစ်လိုက်တဲ့အသံ။

အခန်းတွင်း ဟိန်းထွက်လျက်။

"What are you doing like that?"

ထိုသို့ ထပ်မံ၍ ဘိုလိုမှုတ်လျက်ဖြင့်ပါ အော်ဟစ်မေးမြန်းလိုက်တဲ့ နမ်ဂျွန်းအသံကြားချိန်မှာတော့
ဟိုဆော့ ၊ ဂျီမင်း ၊ ထယ်ယောင်း ၊ ဆော့ဂျင် ကိုယ်စီကိုယ်စီ ကိုယ်အာရုံနဲ့ကိုယ် ရှိနေကြတဲ့သူတွေက ထိတ်လန့်သွားကြရင်း နမ်ဂျွန်းအသံလားရာဖြစ်တဲ့ တနေရာထဲကိုသာ အကြည့်တွေ ပြိုင်တူ
ကျရောက်သွားကြတော့တယ်။

ထိုအခါဝယ်

သူတို့မြင်လိုက်ရသည်ကတော့ .....

နှစ်ယောက်အိပ်ကုတင်ထက်ဝယ် မှောက်လျက် လဲလျောင်းအိပ်စက်နေပါသော ယွန်းဂီရဲ့ ခန္ဓာကိုယ်ပေါ်အား အပေါ်ကနေ တက်၍ ကျောပြင်တစ်လျှောက်ကို ခြေထောက် ဘယ်ညာဟန်ချက်ညီညီဖြင့် နင်းနေပါသော ဂျောင်ကု ကို ။

မျက်လုံးတွေက အရောင်လက်နေပြီး သွားဖြူဖြူဖွေးဖွေးလေး ပေါ်သည်အထိ နှုတ်ခမ်းနှစ်လွှာက ခပ်ဟဟပွင့်ကာ နှစ်ထောင်းအားရ ရယ်ပြုံးလျက်ပါရှိနေလေသည့် ဂျောင်ကု ပုံစံက စိတ်လွတ်နေတဲ့ သူတစ်ယောက်လို ။

သူလုပ်နေတဲ့အရာပေါ်မှာတော့ ကျေနပ်အားရ ဖြစ်နေလေတဲ့ သဏ္ဍာန်မျိုးနဲ့ ။

ယွန်းဂီပုံစံကတော့ ဂျောင်ကုရဲ့ခန္ဓာကိုယ်အလေးချိန်အား မခံနိုင်ပေမဲ့ ကြိတ်မှတ်သည်းခံပြီး အနင်းခံနေတဲ့ သူတစ်ယောက်လိုမျိုး မျက်နှာက
ရှုံ့ကာ မဲ့ကာနဲ့ ။

ပါးစပ်ကလဲ တခုခုကို အော်လိုက်ဟစ်လိုက်ချင်ပေမဲ့ ထွက်မလာဘဲ ကြိတ်ခံစားနေတဲ့ ပုံမျိုးတော့ ဖြစ်နေလေတယ်။

"ဂျောင်ကု မင်းဘာလို့ အဲ့လို ဇွတ်တက်နင်းနေတာလဲ ... ယွန်းဂီကြည့်ရတာ ခံနိုင်ရည်ရှိတဲ့ပုံမှမပေါ်ဘဲနဲ့ ...ကျိုးကုန်တော့မှာပဲ... ဆင်း ...ဆင်း"

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now