Unicode 📌
ဂျီမင်းနဲ့ ပက်သက်ပြီး ဟိုဆော့ပြောပြဖူးတဲ့ အိမ်မက်ကို အမှတ်ရသွားတဲ့ ယွန်းဂီ တစ်ယောက်
တစ်စုံတစ်ရာအား တွေ့ပြီး စိုးရိမ်လွန်စွာအော်ဟစ်လိုက်တဲ့ အသံကသာ
စံအိမ်အတွင်း ကြောက်လန့်ခြင်းတွေကို
ထပ်မံမွေးဖွားဖို့ လမ်းစဖြစ်သွားလေတော့တယ်။သူနှုတ်ဖျားက အော်လိုက်သံလေးကတော့
"ဂျီ .... မင်း"
အချိန်အားဖြင့်တော့ မနက် (၃) နာရီ .... ။
မာယာရယ်
ဝင်္ကပါရယ်
ပေါင်းစပ်လိုက်တော့
လှည့်ကွက်တွေကြား
ထွက်ပေါက်ပိတ်တယ် ။
လမ်းဆုံး မဲ့တယ်။
အော်...အဆုံးသတ်ဖို့
ဘယ်သူ ကယ်ပါ့မလဲ။®®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®®®
ကုတင်ပေါ်ကနေ ဆင်းနိုင်ဖို့ အားယူနေတဲ့ ယွန်းဂီ အနားသို့ ဂျီမင်း တစ်ယောက် တွဲကူပေးဖို့ ရောက်လာပေမဲ့ သူရပ်နေတဲ့နေရာက ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့ဝယ် ဖြစ်နေခဲ့သည်။
ယွန်းဂီ ဂျီမင်းကို ပြုံးလျက် ကြည့်လိုက်မိတယ်။
ထို့အတူ သူမြင်လိုက်တာက ဂျီမင်းအနောက်ရှိ မှန်ကြီးကို ။
မကောင်းဆိုးဝါးတွေရဲ့ ထွက်ပေါက်က မှန် ဖြစ်သည် ဟူသော အကြောင်းအရာများကို ယွန်းဂီ ကြားဖူးနားဝ ရှိနေသကဲ့ ဟိုဆော့ရဲ့ အိမ်မက်က သူ့အာရုံထဲသို့ လျှပ်တပြက် ပြန်လည်ရောက်ရှိလာလေတော့ အိမ်မက်ထဲဝယ် ဂျီမင်းကို မှန်ထဲကနေ လက်ကြီးပေါ်ထွက်လာကာ ဆွဲခေါ်သွားတယ်ဆိုတဲ့ ဖြစ်ရပ်ကိုပါ သူသတိရမိသွားတယ်။
ထိုအဖြစ်အပျက်အပေါ် သူအာရုံရမိသွားချိန်မှာပဲ
တပြိုင်နက် ဂျီမင်းရဲ့ အနောက်တည့်တည့်က မှန်ထဲဝယ် မူလအစ ကြည်လင်နေသော မှန်သားပြင်က တဖြေးဖြေး အနက်ရောင် အငွေ့တွေဖြင့်နောက်ကျိလာကာ အငွေ့တွေ့က တရွေ့ရွေ့လှုပ်ရှားနေသလိုမျိုး သက်ဝင်လာပြီး ဝဲဂယက်စက်ဝိုင်းသဏ္ဍာန်လည်ပတ်နေကြပြီးနောက် ထိုဝဲဂယက် အလယ်
တည့်တည့်ကနေ ချွန်ချွန်ရှည်ရှည် လက်သည်းကြီးတွေနဲ့ ဖြူဖျော့ဖျော့ လက်ကြီးတဖက် ထွက်လာသည်ကိုပါ ယွန်းဂီ မြင်တွေ့လိုက်ရလေတော့သည်။

YOU ARE READING
ဝင်္ကပါထဲက သရဲစံအိမ် [Completed]
Horrorမကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့် မရယ်ချင်သူများမဖတ်ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook အခွင့်အလမ်းတစ်ရပ်ကနေ ရည်ရွယ်ချက်ရှိရှိဖြင့်သရဲစံအိမ်အတွင်းသို...