Unicode 📌
ဝိုးတဝါး
စိတ်ခံစားမှုနောက်လိုက်ခဲ့တော့
မျောလွင့်သွားတဲ့ ခန္ဓာက
ဘယ်ဆီဘယ်ဝယ် လွင့်စင်သွားသလဲ ။အော်... ကြယ်သော်တာမလင်း
လမင်းကွယ်ကာ
အမှောင်ညပါလို့ ပြောရက်နဲ့
အလင်းကို လိုချင်သူတစ်ယောက်
ကြယ်ခြွေဖို့ ကြိုးစားရတာ
မောနေရောပဲ။®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®
ဂျောင်ကု တစ်ယောက် သူ့ရိုက်ကူးရေးရဲ့ နောက်ဆုံးကဏ္ဍအနေနဲ့ Bath tub အတွင်းသို့ ဝင်ထိုင်လိုက်ပြီ ဖြစ်တယ်။ ဒီ Bath tub နဲ့ ရိုက်ကူးပြီးရင်တော့ ရေချိုးခန်းအတွင်း ရိုက်ကူးမှုက ပြီးမြောက်
အောင်မြင်လေပြီ ။ဒီအခန်းအတွင်း ဝင်လာကထဲက သူ့အာရုံအား ဖမ်းစားထားနိုင်ဆုံးမှာ အနှီ Bath tub ပင်ဖြစ်တယ်။ခုတော့ Bath tub အတွင်းသူဝင်ရောက်ပြီးပြီမို့
စိတ်ရဲ့ ခိုင်းစေမှုအတိုင်း ဂျောင်ကု အသာလှဲအိပ်လိုက်မိတယ်။Bath tub ရဲ့ အကျယ်အဝန်းက သူ့ရဲ့ ခန္ဓာ
တကိုယ်စာ အရပ်နဲ့ ကွက်တိဖြစ်ပြီး
သက်တောင့်သက်သာ ရှိနေတာမို့ နေလို့ကောင်းပြီး
ဂျောင်ကုရဲ့ စိတ်က ပေါ့ပါးလွတ်လပ်နေသလို
ခံစားရတယ်။တဖြေးဖြေး လေးလံလာတဲ့ မျက်ခွံတွေကြောင့်လဲ ဂျောင်ကု သူ့ရဲ့မျက်လုံးတွေကိုပါ မှေးမှိတ်ကာ Bath tub အတွင်း အိပ်စက်မိသွားတော့တယ်။
သူ နှစ်နှစ်ခြိုက်ခြိုက်များ အိပ်ပျော်သွားလေသလား။
အချိန်တွေ ဘယ်လောက်ကြာသွားသလဲ သူမသိ။တစုံတခုရဲ့ စေ့ဆော်မှုကြောင့်ထင် သူပြန်လည်နိုးလာမိတယ်။
သို့ပေမဲ့ အခန်းရဲ့သွင်ပြင်က တခုခု ကွဲပြားနေသလိုလို။ ဘာတွေ ကွဲလွဲနေတာလဲ။
"အော် ..."
မီးအလင်းမရတော့တာပဲ ။
ရေကန်ဘောင်ပေါ်မှာ တစ်တိုင်တည်းသော
ဖရောင်းတိုင်လေးသာ ရှိနေပြီး အလင်းဖျော့ဖျော့က ထိုဖရောင်းတိုင်ထံမှ ထွက်ပေါ်နေတယ်။အစက အခန်းအတွင်း လင်းချင်းနေအောင်
ဖရောင်းတိုင်တွေ အများအပြား ထွန်းထားပါရက်နဲ့ အခုမှ အဘယ့်ကြောင့် ရုတ်ခြည်း မဲမှောင်သွားလေသနည်း။

YOU ARE READING
ဝင်္ကပါထဲက သရဲစံအိမ် [Completed]
Horrorမကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့် မရယ်ချင်သူများမဖတ်ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook အခွင့်အလမ်းတစ်ရပ်ကနေ ရည်ရွယ်ချက်ရှိရှိဖြင့်သရဲစံအိမ်အတွင်းသို...