ဝင်္ကပါ ( နိဂုံး - အစ)

2.8K 506 226
                                    

Unicode 📌

ဒီစံအိမ်ကြီးက တကယ်ပဲ ဘာလဲ .....။

ပြန်ပြုပြင်ထားတာဆိုရင်ရော
ဘယ်သူက လုပ်ထားတာလဲ....။

အဘယ်သို့ ထူးဆန်းမှုတွေ
တည်ရှိနေသေးတာလဲ ...။

နောက်ပြီး Admin ဘိုးတော်ကရော ဘာ့ကြောင့် ဒီမြေအောက်ခန်းကိုမှ အသည်းအသန်ရှာနေရတာလဲ ...။

အဖြေမရှိတဲ့ အမေးတွေကသာ ကိုယ်စီကိုယ်စီ အတွေးဝယ် လှည့်လည်ကျက်စားနေခဲ့လေတော့တယ် ။

ထိုအချိန်မှာပဲ

တိတ်ဆိတ်နေတဲ့ သူတို့ကြား အသံတခုက
ဟိုဆော့အနားမှ ပေါ်ထွက်လာတော့
အားလုံးလန့်ဖြန့်ကုန်ကြလေတော့တယ်။

ထိုအရာကတော့ ........။

************

အမှောင်မိုက်ဆုံးအချိန်ဟာ
အလင်းရောင်ထွက်ပေါ်လာဖို့
အနီးကပ်ဆုံးအချိန်တဲ့

အလင်းနဲ့ ဆုံစည်းနိုင်ဖို့
အမှောင်မိုက်ဆုံးကို ဖြတ်ကျော်ရမှာ
ဓမ္မတာပါပဲလေ။

မာယာလှည့်ကွက်တွေရဲ့
အဆုံးသတ်
ဝင်္ကပါရဲ့ လမ်းဆုံးမှာတော့
ရောင်နီသဲ့သဲ့
ထွက်​ပေါက်တချပ်
ကမ်းလင့်လို့ကြိုတယ် ။

ပြောလိုက်စမ်းပါ
ဒါဟာ အဆုံးသတ် တိုက်ပွဲ လို့။

®®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®®

"ဟလို.... ဂျစ် ... ဂျစ်... ကြားလား"

ဟိုဆော့ လက်ထဲ ကိုင်ဆောင်ထားတဲ့ ဝေါ်ကီတော်ကီစက်မှ Admin ဘိုးတော်ရဲ့ အသံကြီးက ရုတ်တရက် ထိုသို့ ထွက်ပေါ်လာသည်မို့ အားလုံး လန့်ဖြန့်သွားမိကြလေတယ်။

တကယ်ဆို သူတို့ ထိုဘိုးတော်ကို မေ့လျော့နေခဲ့ကြလေတာ။

ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ရလောက်အောင် မေ့လျော့ပြီး အာရုံကိုယ်စီနဲ့ အန္တရာယ်တွေကြား တိုက်ပွဲနေခဲ့ရလေတော့ ထိုဘိုးတော်နဲ့ အပြန်အလှန် အဆက်အသွယ်လုပ်ဖို့ကိုပင် စိတ်ကူးမရှိဖြစ်နေခဲ့ကြတယ်မလားလေ။

ဒါ့ကြောင့်လဲ မကြားတာ ကြာနေပြီဖြစ်တာမို့ တဂျစ်ဂျစ် ထကာ မြည်လာတတ်တဲ့ ထိုဝေါ်ကီတော်ကီစက်သံကြီးကို အခုလို ရုတ်တရက် ကြားကြားချင်းမှာ ပြန်ပြီး လန့်ဖြန့်သွားမိခဲ့ကြခြင်းပင်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Onde as histórias ganham vida. Descobre agora