ဝင်္ကပါ (မှတ်တမ်း - ၁၈)

2.7K 526 228
                                    

Unicode 📌

ထယ်ယောင်းအနောက်ကနေ ခပ်ဖြေးဖြေး
တိုးကပ်လာသော လူတစ်ယောက် ။
တစ်နည်းအားဖြင့် လက်တစ်စုံ ။

လက်တစ်စုံရဲ့ ရည်ရွယ်ရာက သတိလက်လွတ်
ငုံ့ကြည့်နေသော ထယ်ယောင်းအား အနောက်ကနေ တွန်းချပစ်လိုက်ဖို့ ဦးတည်နေတယ်ဆိုတာ သိသာနေလေတယ်။

ထယ်ယောင်း လက်က မြှောက်ကိုင်ထားမိတဲ့ ကင်မရာထဲမှာတော့ အနောက်က တိုးကပ်လာတဲ့သူရဲ့ မျက်နှာက ပေါ်နေသော်လည်း ထယ်ယောင်းရဲ့
အကြည့်တွေက ကင်မရာမှာ မရှိလေတော့
သူဘာမှမသိ။ အန္တရာယ်က လက်တစ်ကမ်းမှာဆိုတာ သူမသိခဲ့ပေ။

အကယ်၍ ကင်မရာကိုသာ ထယ်ယောင်းကြည့်လိုက်မိမယ်ဆိုပါက သူမြင်တွေ့လိုက်ရမဲ့
သူသည်ကား....။

*~*~*~*~*

အခြေအနေတွေ ပြောင်းလဲလို့
အမှောင်ညဟာ ပိုနက်နဲသိပ်သည်းလာခဲ့
လမ်းပြမဲ့ ကြယ်သော်တာလည်းမရှိ
အလင်းဆိုသည့်အရာက
ဘယ်ဆီဘယ်ဝယ်မသိအောင်
ဇွဲကောင်းကောင်းနဲ့
ပုန်းကွယ်နေဆဲပဲ ။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

"ယောင်းလေး"

ရုတ်တရက် ခေါ်သံတခုက သူ့အနောက်ဘက်ကနေ စိုးထိတ်သံရောလျက် ခပ်ကျယ်ကျယ် ထွက်လာသည်မို့ အိမ်အောက်က ကလေးဆီ အကြည့်တွေအား သတိလက်လွတ် ပို့ထားမိသည့် ထယ်ယောင်း တစ်ယောက် အခုမှ စိတ်နဲ့ခန္ဓာ အသိပြန်ကပ်သွားကာ သူ့အနောက်က အော်သံပိုင်ရှင် ရှိရာဆီသို့ ရုတ်ချည်း လှည့်ကြည့်လိုက်မိတယ်။

သူမြင်လိုက်သည်က အိပ်ခန်းထဲမှာ ရပ်နေပြီး
ထယ်ယောင်းဖွင့်ထားခဲ့တဲ့ တံခါးပေါက်ကြီးမှ
တဆင့် သူ့အား လှမ်းကြည့်နေကြပါသော ဟိုဆော့ ၊
နမ်ဂျွန်း နဲ့ ဆော့ဂျင် တို့ကို ။

သူ့အားလှမ်းခေါ်လိုက်တဲ့ အသံပိုင်ရှင်ကတော့ သေချာပေါက် ဟိုဆော့ ဖြစ်တယ် ဆိုတာကို သူသိတယ်။

ဒါ့အပြင် သူ့အနောက် တည့်တည့်မှာ ရပ်နေလေသော ဂျောင်ကု ကြောင့် ထယ်ယောင်း အတန်ငယ် အံ့သြသွားသလို လန့်သွားမိတယ်လို့လဲ ပြောလို့ရတယ်။ သူ့အနောက်မှာ ဂျောင်ကုက အသံမပေးဘာမပေးနဲ့ အရမ်းနီးကပ်စွာ ရှိနေတာမလား။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now