၄၈

3.9K 107 16
                                    

ဟန်းနီးမွန်းတုန်းကလိုမျိူး....လှတပတလေးလိုက်လာပြီးရေမဆော့ပဲ..
ပဲများနေရင်စိတ်မချတာနဲ့သူပါရေကောင်းကောင်းမကူးရမှာစိုးသည်မို့...

ဒီတခါတော့နွယ်လေးကိုပါ....

ရေထဲပါအောင်ခေါ်ရသည် ရေစိမ်နေသည့်ကောင်မလေးရဲ့ပါးတွေကို သူအသည်းယားစွာဆွဲညှစ်ဖြစ်တာမကြာမကြာ...

"သ်ိရဲ့လား...နွယ်လေးကို ကိုကိုသိပ်ချစ်တယ်ဆိုတာ "

သူ့လည်ပင်းတွေကိုရစ်နှောင်သိုင်းဖတ်ထားရင်းရှက်ပြုံးကလေးပြုံးနေတာကလေးမလေးတယောက်လိုပင်....
အခုမှသူ့ဇနီးသူပြန်ပိုးနေရသည့်အဖြစ်

" အင်း...သိတယ်"

"ဒါဆိုကိုယ်တို့ကွာရှင်းဖို့လုပ်ပဲပြန်ပေါင်းထုတ်ကြရအောင်လေနော် "

သူမဟာသူပခုံးပေါ်မျက်နှာအပ်လိုက်ပြီး....
သူ့ပါးပြင်ပေါ်နွေးကနဲကျလာသည့်အနမ်းကလေးတပွင့်နဲ့.......

" နွယ်လေး က လိုက်ဆွဲတော့မှာ....ကိုကိုပြေးချင်ရင်တောင်ပြေးလို့မရစေတော့ဘူး..တခြားမိန်းမတွေကိုကြည့်မိရင်မျက်လုံးတွေကိုဖောက်ထုတ်မယ်...တခြားမိန်းမဆီခြေလှမ်းရင်ခြေထောက်တွေကိုရိုက်ချိူးမယ်....
ဒီနေ့ကတော့ပြီးကိုကို ကိုပဲတွယ်ကပ်ထားတော့မယ် "

ကဗျာမဆန်ပေမဲ့....
သူမရဲ့အဖြေစကားဟာသူ့အတွက်ဆက်ကျော်သက်ဘဝကထက်ပိုပြီးရင်ခုန်စေသည်....

သူ့ကိုမှီတွယ်ထားသည့်နွယ်လေးကို...
ခါးကနေပွေ့ချီလိုက်ပြီး နှုတ်ခမ်းတွေနှစ်ခုထိတွေ့ဆက်နွယ်ဖြစ်သည်....
ညနေဆည်းဆာနှင့်အပြိုင်...

လှပနေတဲ့သူမအပြုံးတွေဟာ.......
သူ့အတွက်အဖိုးတန်ရတနာတစ်ပါးပါပဲ.....

................

" ရန်ကုန်ပြန်ရောက်တဲ့အခါ...ကိုယ်တို့ကွာရှင်းကြမယ် "

မင်းမကြည့်လို့ (Completed) Where stories live. Discover now