၂၀

3.1K 90 15
                                    

" မိုးသားနဲ့ တ်ိမ်လွှာ လက်ထပ်ကြတော့မယ် ကိုကို သိပြီးပြီလား "

'' ဖိတ်စာရောက်လာပြီလား "

'' အင်း "

သူမ ထမင်းစားခြင်းကို အဆုံးသတ်ကာ ပန်းကန်တွေကို သိမ်းလိုက်သည်...

" ပြီးပြီလား.. မိန်းမ အစားနည်းလိုက်တာကွာ စားကောင်းဘူးလား ''

'' ဝပြီ ကိုကို နွယ်လေးသိပ်ဆာလို့ နွယ်စာကြည့်ခန်းထဲရှိမယ်နော် ကိုကို ''

သူမော့မကြည့်ပဲသိသည်...
ဒီကောင်မလေးအလုပ်တွေအိမ်ထိပါလာတာ...

အောင်မြင်မှု့အရှိန်ရကာစမို့...

သူမအလုပ်တွေရှုပ်နေတာ..သူသိသော်လည်း စိတ်ထဲသိပ်အလိုမကျချင်...
တကယ်ဆို သူတို့ဟာမင်္ဂလာဦးဇနီးမောင်နှံမဟုတ်လား...
ချစ်စခင်စကြင်နာစမှာတော့ အနားကပ်နေချငိသေးသည်...

သူ့ကို မမှီခို​တော့သည့်ကောင်မလေးကို....

ကလေးဘဝကလို ပြန်မြင်ချင်သေးသည်...

သို့သော် အတိတ်က ကလေးမလေးဟာ အတိတ်မှာကျန်နေခဲ့ပြီမဟုတ်လား...
အတူလက်ဆုံစားနေသည့်ထမင်းဝိုင်းမှာသူတစ်ယောက်ထဲခြောက်ကပ်စွာကျန်နေခဲ့လေသည်မို့..

အရသာရှိစွာစားသုံးနေသည့် ညစာတွေကို ဆက်မစားချင်တော့ပါ
သူ...စိတ်ထဲရှိနေတာတွေထုတ်မပြောဖြစ်တာ
သူမစိတ်ခုမသွားစေဖို့ဖြစ်သည်မဟုတ်လား..
ရင်ထဲကစကားတွေမြိုသိပ်ရင်း...

သူမကို လုံးဝအဆုံးရှုံးမခံနိုင်သည်မို့....

အရာရာသည်းခံရမည်
အတက်နိုင်ဆုံးအလျှော့ပေးရမည်....
တနေ့ထက်တနေ့ပိုပိုချစ်ပေးရမည်....

သူမအကြိုက်...ခါးစိမ့်စိမ့်ကော်ဖီတခွက်ဖျော်ရင်း သူ စာကြည့်ခန်းထဲဝင်ခဲ့သည်...

" ကိုကို "

'' နွယ်လေးအတွက်ကော်ဖီ...အရမ်းနက်တဲ့ထိလုပ်နဲ့နော် "

မင်းမကြည့်လို့ (Completed) Where stories live. Discover now