၃၈

3K 106 34
                                    

ရင်းနှီးနေသည့်အငွေ့အသက်....
နွေးထွေးသည့်အထိတွေ့ကြောင့်...
သူမကိုယ်တိုင်မသိလိုက်ခင်မှာပဲ ဒီရင်ခွင်ကြားပျော်မွေ့နေမိသည်....

ညိုတိုတိုမျက်ကွင်းညိုတွေနှင့်နှုတ်ခမ်းမွှေးစစမြင်နေရသည့် သြဇာဂုဏ် ရဲ့အသွင်အပြင်ဟာခါတိုင်းနှင့်မတူသည့်တိုင်...
ပုံစံတမျိူးနှင့်ကြည့်ကောင်းနေသေးသည်...

မသပ်မရပ်ဖြစ်နေသည်ရုပ်ကိုတောင်....
သူမအတွက်ဘာလို့များကြည့်ကောင်းနေရသေးသလဲ....

ကြည့်ပါအုန်း မျက်ကွင်းညိုတွေဟာ...
အိပ်ရေးတွေပျက်ထားသည့်သက်သေတွေပေါ့...

သူမခိုဝင်နေကျရင်ခွင်ဟာ....

သိသိသာသာပိန်ကျသွားတာ...

သူမကိုဖက်ထားသည့်သူ့လက်တွေကိုဘယ်လိုဖယ်ထုတ်ရပါ့မလဲ....

ချောမောသည့်မျက်နှာကိုမော့ကြည့်ရင်းနီးကပ်နေသည့်အခြေနေကိုလဲရင်ခုန်လွန်းရသလို....
နှစ်ခြိုက်စွာအိပ်မောကျနေသည်မို့နိုးသွားမှာလဲစိုးရိမ်မိပြန်သည့်စိတ်ကဝင်လာပြန်သည်...

ဒီနှလုံးသားကဘယ်လိုနည်းနဲ့ရက်စက်နိုင်ပါ့မလဲ...သူအိပ်ပါစေ
ဖက်ထားသည့်လက်တွေကြား....
သူ့အနားတိုးကပ်ရင်းသူ့ခါးကိုပြန်ဖတ်ထားမိသည်.

တကယ်ဆိုသူမလဲဒီရင်ခွင်ကိုလွမ်းလှပါသည်...

သူ့ခါးပေါ်ရောက်လာသည့်လက်ကလေးကြောင့်သူပြုံးလိုက်တာသူမမြင်ရင်ဒေါသလေးထွက်နေလေမလား...

" ကိုယ် ခနလောက်အိပ်ချင်သေးတယ်ဒီတိုင်းလေးပဲနေပေးနော် "

" ဟင်...ကိုကိုနိုးနေပြီလား "

" ခင်ဗျားလေးကအငြိမ်မှနေတာကိုး "

" အာ...''

ရှက်သွားသည့်မျက်နှာလေးကိုငုံမိုးကြည့်ရင်း...သူ့ကိုပြန်ဖက်ထားသည့်လက်ကလေးကို သူ့ခါးပေါ်ပြန်ဆွဲတင်ရင်း....
သူမပါးကိုဖိကပ်နမ်းပစ်လိုက်တော့သူမပါးကလေးရဲတက်သွားရဲ့...

မင်းမကြည့်လို့ (Completed) Место, где живут истории. Откройте их для себя