၄၀

3.5K 113 34
                                    

ဘဝမှာ...
နွေဦးနွယ်ဆိုသည့်အမျိူးသမီးကလွဲပြီး....

တခြားဘယ်မိန်းကလေးအပေါ်မှစိတ်မယိုင်ခဲ့ဖူးတာ..သူ့ကိုယ်သူသာအသိဆုံးပါ
သူမလေးကို....သူဘယ်လိုရယူခဲ့ရသလဲသူသာအသိဆုံး...............

သို့သော်သူ့ဘဝမှာ အမှားကြီးတခုကျူးလွန်ခဲ့မိသည်ထင်ပါရဲ့....

ဒါဟာ....သစ္စာရှင်အပေါ်သူဂရုစိုက်ခဲ့မိတာ

တကယ်ဆိုသူဟာသစ္စာရှင်ကိုသူရိန်နှင့်နီးစပ်စေချင်ခဲ့တာစေတနာအမှန်ပါ......
နွယ်လေးဘက်ကတဖက်သတ်အမြင်နှင့်သဝန်တိုခဲ့တာတွေ....
မင်းတိမ်လွှာ တို့ ပြသာနာတက်ခဲ့တာတွေသည်.....
တဖက်သတ်ထင်မြင်ချက်တွေနှင့်ပါ.....

တဖက်မိန်းကလေးဖြစ်သည့်သစ္စာရှင်ဟာ.....

သူအကူညီတောင်းလို့....
မင်းတိမ်လွှာ..နွေဦးနွယ်နှင့်မိုးသားဖြူတို့ကြားကဇာတ်လမ်းတွေလား...
တကယ်ပဲမင်းတိမ်လွှာနှင့်မိုးသားချစ်သူဖြစ်နေတာလားဆိုသည့်စမ်းသက်ချက်တွေကြောင့်သာ...
မင်းတိမ်လွှာ နားကပ်ခဲ့တာဖြစ်ကာ....

သူ့စနက်တွေအများကြီးပါသည်မို့....

သူမကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ဗီလိန်တယောက်ဖြစ်ခဲ့ရသည်မို့...
သူအမြဲလိုလိုအားနာရသည့်အမျိူးသမီးအပြင်မပိုခဲ့ပါ
သူရိန်ကတွန်းထုတ်နေသည့်အချိန်.....
သျှံထွန်းကသူမအနားအတင်းကပ်နေသည်....

သျှံထွန်းဘယ်လိုကောင်လဲသူသာအသိဆုံးမို့

သူမကိုမပါသွားစေချင်....
ဒီနေရာမှာမိုးသားဖြူဆိုလဲသူဝင်ပါမိမှာပါ....

သူရိန်....သစ္စာရှင်ကိုသဘောကျနေသည်ကိုလဲ မင်းတိမ်လွှာကိုမသိစေချင်ခဲ့တာမို့
သူဘာကြောင့်...သစ္စာရှင်နှင့်နီးကပ်ခဲ့သလဲမင်းတိမ်လွှာမသိပါ...

မင်းတိမ်လွှာသဘောမကျသည့်မိန်းကလေးကို...
မင်းတိမ်လွှာရဲ့မိသားစုဝင်နှင့်နီးစပ်အောင်...
သျှံထွန်းကိုပထုတ်ပေးနေသည့်သူ့ကို....
(A/N ရှည်ကိုရှည်တယ် သြဇာဂုဏ်ဆိုသည်မှာ🙃🙃)
မင်းတိမ်လွှာကြည်ဖြူပါ့မလား....

အခုတော့ ဘာတွေကစမှားခဲ့သလဲမသိသည့်အကြောင်းတရားတွေကြောင့်...
သူ......ဘယ်လိုပဲပြောပြနေပါစေရှင်းပြနေပါစေသူ့ဘက်ကအမှန်တရားတွေကိုသူမလက်မခံနိုင်တော့ဘူးထင်ပါရဲ့....

မင်းမကြည့်လို့ (Completed) Where stories live. Discover now