၂၃

2.6K 78 15
                                    

'' မနေရီသက်ဝေ ကျွန်တော့ကိုလက်ထပ်နိုင်လား "

သူရိန်ဆီက ရုတ်တရက်ကြားရသည်မို့ထင်သည်...
နေရီဟာ...အံ့သြသလိုရှိသော်လည်း
သိပ်မထူးဆန်းသလိုစိုက်ကြည့်နေပြန်သည်...

" နောက်ဆုံးတော့ အစားထိုးဖို့စုံယောက်အဖြစ်နေရီကိုရွေးခြယ်လိုက်ပြီပေါ့ "
မထင်မှတ်စွာပွင့်အံ့လာသည့်စကားတွေကို..
သူအထူးအံသြမိသည်...

သူ့အနားကအမျိူးသမီးတွေဟာလျော့တွက်လို့မရဘူးပဲ...
ဒီအတွေးနဲ့အတူတပြိုင်နက်ရင်ထဲတိုးစောင့်လာသည်က....သစ္စာရှင်ရောသိနေလေမလား..

"ဘာကြောင့် နေရီ ကိုရွေးချယ်လိုက်တာလဲသိခွင့်ရှိလား "

" ကျွန်တော်အတက်နိုင်ဆုံးဂရုစိုက်ပေးမှာပါ"

" သင့်တော်လို့ပေါ့နော် "

ဒီတခါ အံသြရတာ သူပါ....

"မနေရီ..."

" အခေါ်ဝေါ်တောင်စိမ်းသက်နေတဲ့အထိရင်းနှီးတဲ့မိန်းမယောက်နဲ့လက်ထပ်ရင်...ကိုသူရိန်ပျော်မယ်လို့ယုံကြည်ချက်ရှိသလား "

" ကြိုးစားကြည့်မှာပေါ့ "

" ကိုသူရိန်က စိန်ခေါ်မှု့တွေနဲ့အသားကျပြီး...စိန်ခေါ်မှု့တွေကိုသဘောကျတယ်ထင်ပါရဲ့...အိမ်ထောင်ရေးဟာအစမ်းသပ်ခံမဟုတ်ဘူး အကို ''

" ကျွန်တော် နေရီနဲ့ရင်းနှီးမှု့ဖို့ရင်ကြိုးစားင့်သလား "

"ကိုသူရိန်ဘယ်လိုထင်လဲ "

" နေရီက ကျွန်တော်ကိုသဘောကျတယ် ကျွန်တော်ကနေရီနဲ့လက်ထပ်ချင်တယ် ကျန်တာဘာလိုသေးလဲ "

မင်းမကြည့်လို့ (Completed) Where stories live. Discover now