5.8K 184 17
                                    

"ဖေဖေဆုံးပြီ ကိုကို "

သူ...သတင်းကြားကြားချင်း သူမ အိမ်ဆီ ပြေးလာခဲ့တာဖြစ်သည်...
တကယ်တမ်းဆေးကုနေရတာ မေမေမွန် ဖြစ်ပေမဲ့ အလှည့်အပြောင်း ကံကြမ္မာက ေဖဖေထူးကို ခေါ်သွားခဲ့လေသလား..

" မေမေမွန်ရော "

သူ့ကို မြင်တာနဲ့ ရင်ခွင်ထဲ ပြေးဝင်ငိုနေခဲ့သည့် ကောင်မလေးကို နှစ်သိမ့်ရင်း ရောဂါသည် မေမေမွန်ကို သူစိတ်ပူမိသည်..

'' အခန်းထဲမှာ ကိုကို "

သူမ လက်ကလေးကို ဆွဲရင်း...အခန်းထဲ အပြေးသွားကြည့်တော့ မေမေမွန်ဟာ သူ့ကို မြင်မြင်ချင်း သားအကြီးကို မြင်ရသည့်နှယ်...

ဓာတ်ပုံကလေးပိုက် တင်းခံထားသည့် အခြေနေကနေ

'' သားကြီး... သားဖေဖေထူး ...သားဖေဖေ... ဟင့် "

အာ့သည့်အချိန်က သူဟာ...
သူကိုယ်သူ ဒီအိမ်ရဲ့ တာဝန်ရှိသည့်သားအကြီး သူမရဲ့ အုပ်ထိန်းသူ အဖြစ် စိတ်ထဲမှတ်ယူခဲ့သည်..
လစ်လပ်သွားသည် ဖခင်မေတ္တာအစား... သူ ပိုချစ်ပေးရမည် မဟုတ်ပါလား...

ရောဂါသည် မေမေ မွန်ကို လဲသွားမည်လဲ စိုးရိမ်ရကာ..

" စိတ်ထိန်းပါ မေမေ သားတစ်ယောက်လုံးရှိပါတယ် "

သူမလေးကို စိတ်မချစွာလှည့်ကြည့်တော့...
နောက်ကရောက်လာသည့် မေမေ့ ရင်ခွင်ထဲမှာ ကပ်၍ငိုနေလေသည်...

သားနဲ့ ညီမလေးကို တကယ်ပဲ စိတ်ချလက်ချထားခဲ့ ပြီလား ဖေထူး

သူမျက်ရည်တွေ အလိုလိုကျဆင်းရကာ...

သူမအတွက်ပါ ပိုကြိုးစားရမည်...

နာရေး ကိစ္စအဝဝကိူ သူ့ဖေဖေက စီစဥ်ပေးနေသော်လည်း..အတော်ကိုမျက်နှာမကောင်းပါ...

မိဘတွေရဲ့ သံယောဇဥ်ဟာ သူ့တသက်မကဘူးမဟုတ်လား...

ဖေထူးကို မြေချသည့်နေ့က...

မေမေနှင့် မေမွန်ဟာ ဖက်ကာ ငိုယိုနေကြသည်..

ဖေဖေကတော့...

ဒီကောင်သွားတာ သိပ်စောလွန်းတယ် တဲ့လေ

သူ့ သူငယ်ချင်းကို နှမြောနေသလား....
လွမ်းနေသလား...

မင်းမကြည့်လို့ (Completed) Where stories live. Discover now