၄၄

3.8K 148 37
                                    

ပုံမှန်ထက်တိတ်ဆိတ်မှု့ဟာ...ကြီးဆိုးနေသည်
နေရီသက်ဝေ
ပထမဆုံးသတိရမိတာသူမကိုဖြစ်ကာ....
မှောင်မဲနေသည့်အိမ်ထဲမှာ ပထမဆုံးသူမကိုသာ ဦးတည်ရှာနေမိသည်...

ကျေးဇူးပြုပြီး ထင်သလိုဖြစ်ပါစေနဲ့

ဖြူလွှလွှကုတင်ပေါ်ဝယ်...
ရဲတောက်နေသည့်သွေးကွက်ရယ်...
လက်ကောက်ဝတ်ပေါ်က ဒဏ်ရာတွေရယ်...

" လုပ်ပြန်ပြီကွာ "

သူမကို ဒီလိုပုံစံမကြာမကြာမြင်နေခဲ့သော်လည်းတုန်လှုပ်မှု့က သူရိန်အတွက်အသားမကျနိုင်ပါ...
ဖြူဖြော့နေတဲ့နှုတ်ခမ်းကလေးတွေကသူ့ရင်ကိုအခါခါနာကျင်စေပြန်တယ်...

" လွတ်မြောက်ခွင့်ပေးပါ "

သူ့လက်ပေါ်ကသေးသေးသွယ်သွယ်ကောင်မလေးရဲ့သတိမရတချက်မှာပြောသွားသည့်စကားက...
လွတ်မြောက်ခွင့်ပေးပါတဲ့လား.....

ဒီကကောင်ကိုရော....မင်းည့်တွက်ရဲ့လားနေရီ

သွေးသားရင်သွေးကလေး ကို သူကိုယ်တိုင်လက်နဲ့သတ်ပစ်ခဲ့ရပြီးဆုံးရှုံးခဲ့ရပြီးပြီ...
ချစ်တက်သွားတဲ့အခါမှ ဝဋ်တွေလည်နေတာအကြိမ်ကြိမ်....
အဆင်ပြေအောင်နေနေရပေမဲ့....
ရင်ထဲမှာပြိုလဲနေတာအကြိမ်ကြိမ်....

မိသားစုဘဝလေးလိုချင်နေတဲ့ကောင်ရဲ့ရင်သွေးကိုမှဖြတ်ချပစ်ပြီး...
မချစ်တက်တဲ့ကောင်ကိုချစ်မိသွားပြီး မပြတ်သားနိုင်အောင်လုပ်ထားပြီးရင်လဲအေးဆေးနေပါတော့လား....

Ren Hospital ဟာသူ့အပိုင်မို့လို့သာတော်သေးသည်

ဘဝမှာ..ပိုက်ဆံတွေရှိနေတာ အာဏာတွေရှိနေတာကိုတောင်ကျေးဇူးတွေတင်နေမိသည်

လုပ်ပါနေရီ.... ဘယ်လိုအခြေနေဖြစ်ဖြစ်ရအောင်အသက်ဆက်မယ် မင်းပြောသလိုအတူတူလောင်ကျွမ်းကြတာပေါ့

မင်းပေးတဲ့ဒဏ်ရာတွေဟာဘာများအရေးလဲ...ကိုယ့်ဘဝမှာဒီထက်မကနာကျင်ခဲ့ဖူးပြီးပါပြီလေ

မင်းမကြည့်လို့ (Completed) Où les histoires vivent. Découvrez maintenant