၂၆

2.7K 95 22
                                    

" နေရီ "

"ဟုတ်ကဲ့အမ "

" အစ်မဖြစ်နေလုပ်မဲ့...ကိစ္စတွေကို တစ်ပတ်အတွင်းအပြီးလုပ်မယ်..."

" ဟုတ် "

" အဲ့တာတွေပြီးရင်....အစ်မရှိလဲ နေရီတာဝန်ယူလို့မဲ့ချိူ့အပိုင်းတွေကို စိတ်ချမယ်နော်...အမကို မေးလ်ပို့ပေါ့ အမ အနည်းဆုံး တစ်လောက်တော့ခရီးထွက်ဖို့ရှိနေတယ် "

" ဟုတ် အမ နေရီလုပ်ထားလိုက်ပါ့မယ် "

ခရီးထွက်ရသည့်ကိစ္စတွေဟာ...နဂိုထဲကရှိသည်မို့ အဆင်ပြေမှာသေချာပါသည်....
ဒီရက်တွေမှာ...
သူမအလုပ်တွေဖြတ်ရသည်မို့ မအားပါ.....

ကိုကိုနဲ့မျက်နှာချင်းမဆိုင်ဖြစ်အောင်နေရသည်မှာသိပ်တော့မလွယ်လှ...
မင်းတိမ်လွှာ နဲ့တွေ့ပြီးသွားသည့်ထိုနေ့ကသူနဲ့ကိုကို အကြီးအကျယ်ရန်ဖြစ်ကြသည်ပင်....ရန်ဖြသ်သည်ဆိုတာသူမဘက်ကခေါင်းစဥ်လေးတခုသာ.....
တကယ်ကစစ်အေးတိုက်ပွဲ သာသာပဲမဟုတ်လား....

ကိုကိုအကြောင်းခေါင်းထဲပေါ်လာတော့...
အတွေးတွေကထိုနေ့ဆီပြန်လည်ကူးခက်လာသည်....

ပထမဆုံးအကြိမ်....
အခန်းတံခါးကိုခပ်ကြမ်းကြမ်းဖွင့်ရင်း...တနေလုံးသူမြိုသိပ်ခဲ့ရသည့်မာနတွေကိုတံခါးဆီပုံချနေပုံရတာသူမသိသည်...

"နွေဦးနွယ် "

ကြိုတွေးထားပြီးသားပြသာနာမို့.....
သူမရင်မခုန်တော့ပါ...

"နာမည်ပြည့်အစုံတွေခေါ်လို့ပါလားကိုကိုရယ်ဟွန်း "

" ထေ့နေနဲ့နွယ် မင်းလုပ်ထားတာတွေအဓိပ္ပါယ်ရှိတာတော့မင်းသိတယ်မဟုတ်လား "

မင်းမကြည့်လို့ (Completed) Where stories live. Discover now