ဝင်္ကပါ (မှတ်တမ်း - ၁၆)

Start from the beginning
                                    

" ဟင် "

သူ့သူငယ်ချင်းတွေရော ဘယ်ရောက်သွားကြသလဲ ။
ယွန်းဂီ ၊ ဂျီမင်း ၊ ထယ်ယောင်း တို့ သူ့အနားမှာ
ဘာလို့ တယောက်မှ မရှိတော့တာလဲ ။
သူတို့ ဘယ်မှာလဲ။

ချစ်ရတဲ့ သူငယ်ချင်းတွေအတွက် သူစိတ်ပူမိသွားတယ်။

ဘာတွေ ဖြစ်နေကြတာလဲ ။

ဒီအနေအထားကြီးက ဘာလဲ ။

ဘာလို့ အရာအားလုံးဟာ ထူးဆန်းအံ့သြဖွယ်ကောင်းအောင် ပြောင်းလဲနေကြတာလဲ ။

မေးခွန်းတွေပဲ ရှိပြီး အဖြေတော့ မရှိသေးပေ။

သူနိုးလာကထဲက လှဲအိပ်လျက်ပဲ ရှိနေပြီး အတွေးတွေများကာ မျက်လုံးကို ဟိုဒီတောင်မြောက် ဝေ့ဝိုက်ကြည့်ကာ စူးစမ်းတွေးတောနေခဲ့ရာမှ ရုတ်တရက် 'ဇက်ကနဲ' ထထိုင်လိုက်မိတော့တယ်။

မြင်နေရတဲ့ ဒီအခန်းရဲ့ ပုံစံကြီးကို သူတကယ် အသားမကျ။ ဘဝင်လဲ မကျပေ ။

မုန်တိုင်းမလာခင် လေငြိမ်နေသလိုပင် တိတ်ဆိတ်ငြိမ်သက်နေမှုကြီးကလဲ အစွန်းရောက်လွန်းတယ်။

နောက်ပြီး သူဆွဲဖြုတ်ခဲ့တဲ့ ခန်းစည်းမရှိတော့တဲ့ ပြတင်းပေါက်ကလဲ ပွင့်နေလေတယ်။

'ဘယ်သူ ဖွင့်လိုက်တာလဲ'

အပြင်ဘက်မှာ သစ်ပင်တွေ လေအဝှေ့ ယိမ်းနွဲ့နေပြီး သစ်ကိုင်းအချင်းချင်းဖြစ်စေ၊ သစ်ရွက်အချင်းချင်းဖြစ်စေ ပွတ်တိုက်မိသံတွေကလဲ တချက်တချက်
နားစည်ဝသို့ ရောက်ရောက်လာတယ်။

ထိုနေရာကနေ လေတွေတဖျောဖျော တိုးဝင်နေတာမို့ ချမ်းစိမ့်စိမ့်အရသာကြီးကိုပါ သူခံစားလာမိတယ်။

သူလက်နှစ်ဖက်နဲ့ ခန္ဓာကိုယ်ကို ကျုံ့ပြီးယှက်သွယ်ထားမိတယ်။

"အေးလိုက်တာ"

ဒါ့ထက် ထူးခြားတာက ရုတ်ချည်းဆန်စွာ
သူ လက်ပြင်တလျှောက် ကြက်သီးမွှေးညှင်းတွေ အလိုလို ထလာတာမျိုး ဖြစ်လာတာလို့ ပြောရင် ပိုမှန်မယ်။

ဘာ့ကြောင့်လဲ။

သူ... သူ ။

ရုတ်တရက် ဆွံ့အသွားလောက်သည်အထိ အံ့သြထိတ်လန့်သွားတော့တယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now