43

8.2K 558 58
                                    

လောင်းရိပ်

(43)

အချစ်မှာ ကျရူံးသွားခဲ့တာက ဘယ်သူလဲ....

မောင်လား ??

မောင့် အပိုင်လေးလား ??

ဒါမှ မဟုတ်ရင် မဖြစ်နိုင်တဲ့ အရာကိုမှ
ကြိုးစားခဲ့မိသူ Chan လား..... ??

အကုန်လုံးကတော့ အချစ်ကြီးကြတာပဲ....
သူ့ သက်ဆိုင်သူ အပေါ်မှာပေါ့.....

ဘယ်သူ့အချစ်က ပို လဲဆိုတာတောင်
မဆုံးဖြတ်နိုင်တော့တဲ့ အထိပဲ....

ချစ်တဲ့ သူတိုင်းပေါင်းဖက်နိုင်ကြရင် လဲ
အကောင်းသား....

ဘယ်သူမှ နာကျင်ရတော့မှာ မဟုတ်ဘူးလေ....

...................................................................

တီ.....တီ....တီ......

အချိန်အခါမဟုတ် ထမြည်လာသော
ဖုန်းသံကြောင့်...Yoongi တစ်ယောက်
အိပ်တစ်ဝက် နိူးတစ်ဝက် နှင့်....
ဖုန်းကိုကောက်ယူကြည့်မိလိုက်တော့
ဖုန်းခေါ်သူ က Chan ဖြစ်နေသည်....

နာရီကို ကြည့်တော့ မနက် 3:00
ထိုးလုနီးနေပြီ....

ဘာများအရေးကြီး ကိစ္စ ရှိလို့
ဒီလို အချိန်ကြီး ဖုန်းခေါ်တာလဲ စဥ်းစားမရ....
မျက်လုံးတွေကို ပွတ်သပ်ကာ...
ဖုန်းကိုင်လိုက်တော့.....

Yoongi:"အင်း.....''

Chan:"ကျနော်..ပါ...လူ..ကြီး...''

Yoongi:"အင်း...သိတယ်...
ဘာဖြစ်လို့ ညဘက်ကြီး ဖုန်းခေါ်တာလဲ
အရေးကြီး လို့ လား....''

Chan:"ဟင့်အင်း...ဒီအတိုင်းပဲ....''

Yoongi:'' အဆင်ပြေရဲ့လား...
အသံကကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ
ရရဲ့ လား .....''

Chan:"အင်းပါဆို.... ကျနော် ဘာမှ မဖြစ်...ပါဘူး....''

ဘာမှ မဖြစ်ကြောင်းပြောနေတဲ့
ကောင်လေးရဲ့ အသံဟာ...တိုးတိတ်စွာ
ကြားရရုံလေး....ပုံမှန်နဲ့ မတူတာကြောင့်
အိပ်ရာပေါ်မှ ထ၍ ထိုင်ကာ...

Yoongi:"မင်း...ဘယ်မှာလဲ....
ဘာဖြစ်နေတာလဲ....ထိခိုက်မိထားတာလား...''

Chan:"ကျ..ကျနော် အရမ်းအေးနေလို့....''

Yoongyi:"ဘယ်မှာလဲ...ငါ့ကိုပြော....
ငါအခုလာခဲ့မယ်...''

လောင်းရိပ် Where stories live. Discover now