လောင်းရိပ်
(42)
သန်းခေါင်ယံအချိန်မှာ လန့်နိုးလာခဲ့တဲ့ Jimine
ဆေးအရှိန်ဒဏ်ရာ အရှိန်တွေနဲ့
အိပ်ပျော်သွားခဲ့တာ
ဘယ်လောက် ကြာသွားခဲ့ပီလဲ မသိပါ.....တရေးနိုး ထပီး မောင့်ကို စိုးရိမ်စွာ ရှာမိတော့
အခန်းထဲ မှာ ရှိမနေ....နာရီကို ကြည့်မိတော့ 12:00 ကျော်လို့
1:00 ထိုးခါနီးနေပီ....စိုးထိတ်စွာနဲ့ အောက်ကို ပြေးဆင်းပီး
ရှာတော့လဲ မောင့်ကို မတွေ့ရ....စိုးရိမ်စိတ်နဲ့ လူက ရူးတော့မယ်....
အစထဲက ဖြူလျော့လျော့ အနေအထားနဲ့
Jimine ဟာ ပို၍ အင်အားချိနဲ့ လာခဲ့သည်....စိုးရိမ်စိတ်နဲ့ အိပ်ပျော် မသွားစေဖို့
သတိထားခဲ့ ပါသော်လည်း...
ဒဏ်ရာ အရှိန် ဆေးအရှိန်တွေကို
တောင့်မခံနိုင်ခဲ့...ခနလေးမှေးခနဲ
အိပ်ပျော်သွားစဥ်မှာပဲ မောင်က ရှိမနေတော့ပါ...Jimine:"အဒေါ်ကြီး...မောင်ရော...မောင်
ဘယ်သွားလဲ...''အခန်းထဲကနေ ထွက်လာခဲ့တဲ့ အဒေါ်ကြီးကို
တွေ့တော့.... လျှင်မြန်စွာမေးလိုက်စဥ်..."ဟင်...သခင်လေး Jeon အပေါ်မှာ
ရှိမနေဘူးလားအကိုလေး....''Jimine:"မရှိဘူး အဒေါ်ကြီး...
ဒုက္ခပါပဲ...မောင်...ရယ်....''ပြသနာတွေ မကြီးထွားစေချင်မိတာ အမှန်ပါ...
ချစ်ရတဲ့ မောင့် ကိုလဲ မထိခိုက်စေချင်သလို
ဘယ်သူ့ ဘယ်သူကိုမှ လဲ မနာကျင်စေချင်...မောင့်ဒေါသကိုလဲ သိတာမို့....
လူလဲ ပြာယာခတ်ကာ...ဘာလုပ်ရမှန်းမသိတော့ဖုန်းတွေ ဆက်တိုက်ခေါ်ပေမယ့်
မောင်က မကိုင်.....ပြသနာတွေကို သိမထားသော
အဒေါ်ကြီးနဲ့
အိမ်အကူကောင်မလေးတွေမှာတော့....
ဘာတွေ ဖြစ်နေလဲ ဆိုတာ.. နားမလည်နိုင်...သခင်လေး Jeon ကို အပေါ်မှာပဲ ရှိတယ်လို့
သိထားခဲ့တာ....
လက်က ဒဏ်ရာတွေနဲ့ အကိုလေးဟာလဲ
ဘာအတွက်ကြောင့်
ဒီလောက်ထိ ပြာပြာလဲလဲ...
သခင်လေး Jeon ကို
ရှာနေရတာလဲမသိတာကြောင့်.
ရင် တမမနှင့် စောင့်ကြည့်နေရသည်....